ပြီးခဲ့တဲ့မေလကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ပီအက်စ်ဂျီ ညာနောက်ခံလူအဲလ်ဗက်စ်ဟာ ဘောလုံးပြန် ကစားနိုင်ဖို့ နီးစပ်နေပါပြီ။

ပီအက်စ်ဂျီနောက်ခံလူ ဒန်နီအဲလ်ဗက်စ်ဟာ လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဒူးဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ မကစားရသေးခင် ကစားသမားဘဝကနေ အနားယူဖို့မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

Photo : AP

 

ပြီးခဲ့တဲ့မေလကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ညာနောက်ခံလူအဲလ်ဗက်စ်ဟာ ဘောလုံးပြန် ကစားနိုင်ဖို့ နီးစပ်နေပါပြီ။ ဒူးဒဏ်ရာကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကို အဲလ်ဗက်စ် လွဲချော်ခဲ့ရပါသေးတယ်။ သူ့ရဲ့ပထမဆုံးဆန္ဒက ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်(၁၆)သင်းရှုံးထွက်အဆင့် ကို တက်ရောက်နိုင်အောင်ကူညီပေးဖို့ဖြစ်ပြီး သူ့ကစားသမားဘဝကမနားခင်မှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့က အကြီးမားဆုံးဆန္ဒဖြစ်ကြောင်း Telegraph သတင်းစာက ဖော်ပြပါတယ်။

Photo : PA

 

နောက်ခံလူအဲလ်ဗက်စ်က “ပရီးမီးယားလိဂ်ကို သွားမကစားခင်မှာ ကစားသမားဘဝကနေအနားယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သေချာပါတယ်။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အံ့အားသင့်စရာအကောင်းဆုံးပြိုင်ပွဲပါ။ ပရိသတ်တွေက ကစားသမားတွေကိုလေးစားသလို ကွင်းအတွင်းပြိုင်ဆိုင်မှုကလည်း ပြင်းထန်ပါတယ်။ ကျွန်တော်သာကစားနိုင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ကစားသမားဘဝဖြစ်လာမှာပါ။ ဒါပေမယ့် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်”လို့ The Telegraph သတင်းစာကို ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က မိုနာကိုကို(၄)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပီအက်စ်ဂျီဟာ ပွဲစဉ်(၁၃)ပွဲကစားအပြီးမှာ (၁၃)မှတ်အကွာနဲ့ ပြင်သစ်လီဂူးအမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ရဦးမှာပါ။ ချန်ပီယံလိဂ်အုပ်စု(C) မှာ တတိယနေရာမှာ ရပ်တည်နေပြီး နောက်တဆင့်ကိုတက်ဖို့အကောင်းဆုံးအခွင့်အရေးအနေနဲ့ နိုဝင်ဘာနှောင်းပိုင်းမှာ လီဗာပူးနဲ့ကစားမယ့်အိမ်ကွင်းပွဲမှာ ပီအက်စ်ဂျီအနိုင်ရဖို့လိုအပ်ပါတယ်။

Share

Loading Next Article...
က္က