အဆိုပါဘယ်လ်ဂျီယံကစားသမားကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဥရောပထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား အီဒင်ဟာဇက်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကစားခဲ့ရတာကြောင့် အနည်းငယ်ပင်ပန်းနေပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပျော်ရွှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

Photo : Getty Image

 

ဟာဇက်ရဲ့အပြောင်းအရွှေ့သတင်းတွေဆက်လက်ထွက်ပေါ်နေပေမယ့်လည်း ချဲလ်ဆီးအသင်းမှာ အမြဲတမ်း ပျော်ရွှင်နေကြောင်းနဲ့ အသင်းအတွက်ကစားပေးရတာကိုလည်း နှစ်သက်တယ်လို့ ဟာဇက်က ဖွင့်ဟလိုက်ပါတယ်။ အဆိုပါဘယ်လ်ဂျီယံကစားသမားကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဥရောပထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။ ဟာဇက်ကိုတိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ဖို့ ဆန္ဒရှိတယ်လို့ ပြောကြားထားပါတယ်။ လက်ရှိမှာ Ballon d’Or ဆုကို ရရှိဖို့ ပစ်မှတ်ထားနေတဲ့ ဟာဇက်ကို စပိန်ထိပ်သီးရီးရဲလ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

Photo : Getty Image

 

လက်ရှိမှာ သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဟာဇက်က “လွန်ခဲ့တဲ့(၇)နှစ်ကတည်းက ကစားလာတဲ့ချဲလ်ဆီးအသင်းမှာ ကျွန်တော်အမြဲတမ်းပျော်ရွှင်မှုရှိပါတယ်။ ကွင်းထဲကိုရောက်တာနဲ့ ပထမဆုံးကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်အောင်နဲ့ စောင့်ကြည့်နေတဲ့ပရိသတ်တွေပျော်ရွှင်အောင် ကြိုးစားပါတယ်။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအတွက်ကစားဖို့ ကျွန်တော်  ပျော်ရွှင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဟာဇက်ဟာ အခုရာသီမှာ ပရီးမီးယားလိဂ်မှာ အသင်းအတွက် (၇)ဂိုးသွင်းပြီး (၄)ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရခဲ့တဲ့ဘယ်လ်ဂျီယံအသင်းအတွက် ကစားပေးခဲ့ရတာကြောင့် အနည်းငယ်ပင်ပန်းနေတယ်လို့လည်း ဟာဇက်က ဝန်ခံခဲ့ပါတယ်။ “ကျွန်တော့်ကို ယုံကြည်ပါ။ ကျွန်တော်ပင်ပန်းနေပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကစားဖို့အကောင်းဆုံးဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့အခြေအနေကို နှစ်သက်မိပါတယ်” လို့ ဟာဇက်က ဆက်လက်ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က