နာဆရီရဲ့ပွဲပယ်ပြစ်ဒဏ်က ဒီဇင်ဘာလကုန်မှသာ ပြီးဆုံးမှာဖြစ်ပေမယ့် နိုဝင်ဘာလစကတည်းက ကလပ်အသင်းတစ်သင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပါတယ်။

ကမ္ဘာ့တားမြစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ (၁၈)လပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်တော့မယ့် အာဆင်နယ်ကွင်းလယ်လူဟောင်းနာဆရီဟာ ဝက်စ်ဟမ်းအသင်းကို ကာလတိုစာချုပ်နဲ့ပြောင်းရွှေ့ဖို့ ဆေးစစ်ဆေးမှုခံယူနေပါတယ်။

Photo : Getty Image

 

နာဆရီရဲ့ပွဲပယ်ပြစ်ဒဏ်က ဒီဇင်ဘာလကုန်မှသာ ပြီးဆုံးမှာဖြစ်ပေမယ့် နိုဝင်ဘာလစကတည်းက ကလပ်အသင်းတစ်သင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပါတယ်။ အခုအခါမှာတော့ နာဆရီဟာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ အတော်လေးနီးစပ်နေပြီဖြစ်ကြောင်း တယ်လီဂရက်ဖ်သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင်တော့ မန်စီးတီးအသင်းမှာလက်တွဲခဲ့ဖူးတဲ့ နည်းပြပယ်လီဂရီနီနဲ့ နာဆရီပြန်ပြီးလက်တွဲရမှာပါ။

Photo : Getty Image

 

နာဆရီနောက်ဆုံးကစားခဲ့တဲ့ကလပ်အသင်းကတော့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ(၂၆)ရက်က အန်တဲလ်ယာစပေါအတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။ အခုလိုဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နာဆရီဆေးစစ်ဆေးနေတဲ့အပေါ် အသင်းပရိသတ်တွေကတော့ အမြင်မကြည်လင်ဘဲ လှောင်ပြောင်မှုတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ နာဆရီဟာ မန်စီးတီးအသင်းမှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ်ဖလားကို (၂)ကြိမ်ရရှိခဲ့ပါတယ်။

အဆိုပါအာဆင်နယ်ကစားသမားဟောင်းဟာ တစ်နှစ်လုပ်ခလစာပေါင်(၄)သန်းလောက်ရရှိဖို့ တောင်းဆိုထားပြီး ဝက်စ်ဟမ်းအသင်းကလည်း ပေးချေသွားဖို့ရှိနေပါတယ်။ အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ နာဆရီဟာ ကစားသမားဘဝတစ်လျောက် မာဆေး၊ အာဆင်နယ်၊ မန်စီးတီး၊ ဆီဗီလာနဲ့ အန်တဲလ်ယာစပေါအသင်းတို့မှာ ကစားခဲ့ဖူးသူပါ။ သူဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း (၄၁)ပွဲကစားပေးခဲ့ပြီး (၅)ဂိုးသွင်းယူခဲ့ပါတယ်။

Share

Loading Next Article...
က္က