ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီအသင်း အကောင်းဆုံးပုံစံရနေပေမယ့်လည်း လီဗာပူးအနေနဲ့ စိုးရိမ်မှုမရှိဘူးလို့ နောက်ခံလူဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီမှာ မန်ယူကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ဒုတိယနေရာက လီဗာပူးနဲ့(၂)မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

Photo : Getty Image

 

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီအသင်း အကောင်းဆုံးပုံစံရနေပေမယ့်လည်း လီဗာပူးအနေနဲ့ စိုးရိမ်မှုမရှိဘူးလို့ နောက်ခံလူဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ လီဗာပူးနဲ့ ချဲလ်ဆီးတို့လိုပဲ ရှုံးပွဲမရှိသေးဘဲ ရနိုင်ခြေ(၃၆)မှတ်မှာ (၄)မှတ်သာဆုံးရှုံးထားပါတယ်။ ဒါ့အပြင် နည်းပြဂွါဒီယိုလာရဲ့မန်စီးတီးဟာ ဂိုးကွာခြားချက်မှာလည်း (+31)ရှိနေပြီး လီဗာပူအသင်းထက် (၁၃)ဂိုးပိုများနေပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ကတော့ မန်စီးတီးအသင်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတော့ မရှိပါဘူး။

Photo : Sky Sports

 

ဗန်ဒိုက်က “သူတို့က လက်ရှိချန်ပီယံဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးအသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း တတ်နိုင်သလောက် အကောင်းဆုံးဖြစ်လာဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အခြားအသင်းတွေကို ကြည့်ဖို့မလိုပါဘူး။ ကျွန်တော်တို့ကစားရမယ့်ပွဲကိုပဲ အာရုံစိုက်ရမှာပါ။ နိုင်ငံတကာပွဲတွေအပြီးမှာ ဝက်ဖို့ဒ်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်လို့ ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ ဘောလုံးရာသီက ရှည်လျားပါတယ်။ မန်စီးတီးဟာ ပွဲတိုင်းကို (၅-ဝ)ဂိုးနဲ့ အမြဲတမ်းအနိုင်ရမှာမဟုတ်ပါဘူး။ အခြားအသင်းတွေလိုပဲ ခက်ခဲတဲ့ပွဲတွေရှိလာဦးမှာပါ” လို့ ပြောခဲ့ကြောင်း  Sky Sports သတင်းဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် ဖူလ်ဟမ်ကို(၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရှာကွီရီကိုလည်း ဗန်ဒိုက်က ချီးကျူးခဲ့ပါတယ်။ ဆွစ်ဇာလန်ကစားသမားရှာကွီရီဟာ အသင်းအတွက် ထူးခြားကောင်းမွန်မှုတွေဖြစ်စေတယ်လို့လည်း ဗန်ဒိုက်က ယုံကြည်နေပါတယ်။ ရှာကွီရီဟာ အခုရာသီမှာ လီဗာပူးအသင်းအတွက် (၂)ဂိုးသွင်ယူထားသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က