တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နိုဝင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားမှာပါ။

ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ် အခမ်းအနားကို  မြန်မာတစ်နိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ နိုဝင်ဘာ ၁၂ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။



 

global 2 .png 

အဆိုပါ စွန့်ဦးတီထွင်ရက်သတ္တပတ်အခမ်းအနား ဖွင့်ပွဲကိုတော့ နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ Junction Square မှာ ပြုလုပ်ကျင်းပခဲ့တာပါ။

 

ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်ရက်သတ္တပတ်အခမ်းအနား ကို ရန်ကုန်၊မန္တလေးအပါအဝင် မြို့အများစုမှာ စွန့်ဦးတီထွင် လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးဟောပြောပွဲတွေကို ပွဲပေါင်း ၅၀ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်မေသန့်စင်က ပြောပါတယ်။

“ အောင်မြင်ပြီးသားလုပ်ငန်းရှင်တွေကနေ သူတို့အတွေ့အကြုံတွေကို ပြောမယ်။ စကားဝိုင်းဆွေးနွေးပွဲတွေပါတယ်။ လုပ်ငန်းစတင်မယ့်သူတွေ၊ အသေးစားလုပ်ငန်းရှင်တွေအနေနဲ့ ငွေကြေးလိုရင် ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ ဆောင်ရွက်မှာပါ” လို့ ဒေါ်မေသန့်စင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်လုပ်ငန်းလုပ်ကိုင်မယ့်သူတွေ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖြေရှင်းရမယ့် နည်းလမ်း အတွေ့အကြုံတွေကိုလည်း  ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ် ဆွေးနွေးပွဲတွေကတစ်ဆင့် သိရှိလာနိုင်မယ်လို့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး မိမေအေးအေးသန့် ဆိုပါတယ်။

“ ဒီလိုပွဲတွေမှာ နားထောင်ပြီးတော့ ပူးပေါင်းလုပ်မယ်ဆိုရင် စွန့်ဦးတီထွင်တော့မယ့်လုပ်ငန်းစတင်တော့မယ့် လူငယ်တွေအတွက် အကျိုးရှိပါတယ်။ နိုင်ငံတွင်းမှာ စွန့်ဦးတီထွင်လုပ်ငန်းတွေအတွက်  အခက်အခဲတွေ အများကြီးရှိနေတယ်။ ဥပမာ ငွေဈေးအပြောင်းအလဲ မြန်တယ်၊ မြေဈေး၊အိမ်ဈေး အခက်အခဲတွေရှိတယ်။  အလုပ်ရှင်ဥပဒေတွေလည်း လိုအပ်နေပါသေးတယ်။” လို့ မိမေအေးအေးသန့် ပြောပါတယ်။

၂၀၀၇ ခုနှစ်ကစတင်ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ်အခမ်းအနားတွေကို နိုင်ငံပေါင်း ၃၀ ကျော်မှာ ကျင်းပခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ကျင်းပလာကြပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က