နိုဝင်ဘာ ၁၂ ရက်နေ့က နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့လူ့အခွင့်အရေးဆုကို ရုပ်သိမ်းလိုက်တယ်လို့နိုဝင်ဘာ ၁၂ ရက်နေ့က နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။



40194753-307145476758579-2217282570276569088-n.jpg 

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလီလူမျိုးစုတွေအပေါ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရပ်တည်ချက်နဲ့ ပါတ်သတ်ပြီးတော့ သူ့ကို ချီးမြှင့်ခဲ့တဲ့ အမြင့်ဆုံးဆုကို ပြန်ရုပ်သိမ်းတယ်လို့ ကြေငြာလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီဆုကို ၂၀၀၉ ခုနှစ်မှာ International Ambassador of Conscience Award နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆုကို ရရှိခဲ့တာဖြစ်ပြီးတော့ သူမ နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်အတွင်းမှာ ချီးမြှင့်ခဲ့တာဖြစ်ပြီးသူမရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီမှာပါဝင်ခဲ့မှုတွေကို ပေးအပ်ချီးမြှင့်တာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ရိုဟင်ဂျာတွေအကြမ်းဖက်ဖိနှပ်ခဲ့မှုကို အချိန်မှီ အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်တာ၊ စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ကန့်ကွက် ပြောဆိုထောက်ပြခြင်း မရှိတာ စတာတွေကြောင့် သူ့ကို ချီးမြှင့်ထားတဲ့ နိုင်ငံတကာဆုတွေပြန်ရုပ်သိမ်းခံရတဲ့ ဆုပေါင်း ၉ဆု နီးပါးရှိလာပြီး အဲဒီထဲ ထင်ရှားတဲ့ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဆု တချို့ကတော့ အောက်တိုဘာလက ကနေဒါနိုင်ငံကနေ ၂၀၀၇ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ နိုင်ငံသားဂုဏ်ထူးဆောင်ဆု အပါအဝင် မတ်လက အမေရိကန်ပြည်ထောင်စု Holocaust ပြတိုက်က ၂၀၁၂ခုနှစ် က ပေးအပ်ခဲ့တဲ့ Elie Weisel ဆုလည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ပါတ်သတ်ပြီးသတင်းရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာကလည်း စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပါတ်သတ်ပြီး အဓိက ဝေဖန်စရာဖြစ်နေတယ်လို့လည်း ရေးသားထားပါတယ်။

 

Share

Loading Next Article...
က္က