မန်စီးတီးကို နည်းပြဂွါဒီယိုလာ ကိုင်တွယ်ကတည်းက အဓိက အခန်းကဏ္ဍကနေ လီနိုဘက်စ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

မန်စီးတီးအသင်းကြံ့ခိုင်ရေးမှူးလီနိုဘက်စ်ဟာ အသင်းကနေထွက်ခွာပြီး ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ဘက် လီဗာပူးကို ပြောင်းရွှေ့တော့မှာဖြစ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

6085674-6380401-image-a-96_1542028905906.jpg

မန်စီးတီးနည်းပြဂွါဒီယိုလာ



မန်ယူကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့  မန်ချက်စတာဒါဘီပွဲအပြီးမှာ ကြံ့ခိုင်ရေးမှူးလီနိုဘက်စ်က ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို အသင်းကနေထွက်ခွာတော့မယ်လို့ နှုတ်ဆက်စကားပြောခဲ့ပါတယ်။

မန်စီးတီးကို နည်းပြဂွါဒီယိုလာ ကိုင်တွယ်ကတည်းက အသင်းမှာ အဓိက အခန်းကဏ္ဍကနေ လီနိုဘက်စ် ပါဝင်ခဲ့သူဖြစ်ပြီး မန်စီးတီးရဲ့All or Nothing  အမေဇုန်မှတ်တမ်းတ င်ဗွီဒီယိုမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ လီနိုဘက်စ်ဟာ ၂၀၀၇ ခုနှစ်မှာ မန်စီးတီးကို အဲရစ်ဆင် ကိုင်တွယ်နေချိန် အိုဟမ်းအသင်းကနေ ရောက်ရှိခဲ့သူပါ။

မန်စီးတီးအသင်း ကြံ့ခိုင်ရေးမှူး ကြံ့ခိုင်ရေးမှူးလီနိုဘက် (ယာ)



မန်စီးတီးနည်းပြမန်စီနီလက်ထက်မှာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးရရှိခဲပြီး သိသာထင်ရှားတဲ့အပြောင်းအလဲတွေ ဖြစ်နေချိန်ကတည်းက အသင်းမှာ လီနိုဘက်စ်ရှိနေခဲ့ပါတယ်။ 

အခုအခါမှာတော့ အသင်းနဲ့ (၁၁)နှစ်ကြာ လက်တွဲလာခဲ့တဲ့ ကြံ့ခိုင်ရေးမှူးဟာ  မန်စီးတီးကနေထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လီနိုဘက်စ်အနေနဲ့ မန်စီးတီးကစားသမားဟောင်းတွေဖြစ်တဲ့ ဂျိမ်းစ်မီလ်နာ၊ စတာရစ်ချ်တို့နဲ့ လီဗာပူးမှာ ပြန်လည်လက်တွဲရမှာပါ။

မန်စီးတီးအသင်း ကြံ့ခိုင်ရေးမှူး ကြံ့ခိုင်ရေးမှူးလီနိုဘက်



ဘောလုံးရာသီအတွင်းမှာ အသင်းရဲ့အဓိကနည်းပြအဖွဲ့ဝင်တစ်ဦးကို   ဆုံးရှုံးလိုက်ရတာဟာ နည်းပြဂွါဒီယိုလာအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ ပြိုင်ဘက်အသင်းဆီကနေ အရေးပါတဲ့ ကြံ့ခိုင်ရေးမှူးကိုရလိုက်တာဟာ လီဗာပူးနည်းပြကလော့ပ်အတွက်တော့ အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ လီနိုဘက်စ်ဟာ စက်တင်ဘာလမှာ အက်ဖ်အေကို ပြောင်းရွှေ့ခဲ့တဲ့လီဗာပူးကြံ့ခိုင်ရေးမှူးဟောင်း ကိုနိုပင်စကီးနေရာမှာ အစားထိုးဝင်ရောက်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က