အိန္ဒိယဈေးကွက်ရောက် တန်ဖိုးသင့်5G ဖုန်း

မြန်မာငွေ ၄ သိန်းကျော်တန် ဈေးနဲ့ Redmi Note စီးရီး 5G ဖုန်းတစ်လုံးကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပါတယ်။ 

Redmi Note 11T 5G ဟာ နှစ်ဆန်းပိုင်းက ထွက်ခဲ့တဲ့ ပထမဆုံး 5G ရတဲ့ Redmi Note စီးရီးဖုန်း Redmi Note 10T 5G ရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်။ display ၊ processor ၊ ကင်မရာနဲ့ အားသွင်းနိုင်စွမ်းတွေမှာ ပိုတိုးတက်လာတဲ့ ဖုန်းပါ။ မျက်နှာပြင်ဆိုဒ် ၆.၆ လက်မ IPS LCD punch-hole screen နဲ့လာပြီး FullHD+ ရုပ်ထွက် ပါရှိပါတယ်။ 90Hz refresh rate ၊ 240Hz touch sampling rate နဲ့ Gorilla Glass မှန် အုပ်ထားပါတယ်။ 



Photo: GSMArena

ရှေ့ဘက် အပေါ်မှန်အလယ်တည့်တည့် Punch-Hole ကင်မရာပေါက်မှာ 16MP selfie ကင်မရာ ထည့်ပေးထားပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့ လာပါတယ်။ Redmi Note 11T 5G ဟာ ကျောဘက်မှာ 50MP main sensor နဲ့ 8MP ultrawide ကင်မရာတွေ ပါရှိပါတယ်။ ဖုန်းဘေးဘောင်ကိုယ်ထည်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပြီး စတီရီယိုစပီကာနဲ့ Headphone jack တစ်ခုလည်း ပါရှိမှာပါ။

5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ MediaTek Dimensity 810 5G chipset နဲ့ လာပြီး 6/8GB RAM နဲ့ 64/128GB storage ဗားရှင်းတွေ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 5000mAh နဲ့ USB-C port သုံး 33W charging အားသွင်းစနစ်တို့ ပါရှိပါတယ်။ Android 11 အခြေခံ MIUI 12.5 ဆော့ဖ်ဝဲလ်နဲ့ လာပြီး app ဖွင့်ချိန် smooth ဖြစ်ဖို့ RAM အပို 3GB အထိ support ‌ပေးထားပါတယ်။ 

Redmi Note 11T 5G ကို Stardust White, Aquamarine Blue နဲ့ Matte Black colors တွေနဲ့ လာပြီး RAM 6/64GB မော်ဒယ်ကို ရူပီး ၁၇၀၀၀ (မြန်မာငွေ ၄ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က