ဈေးသင့်ပြီး ဘက်ထရီဆိုဒ်ကြီးတဲ့ ဖုန်း

အိန္ဒိယဈေးကွက်အတွက် တန်ဖိုးသင့် OPPO K စီးရီးသစ်ဖြစ်တဲ့ OPPO K10 ကို ကြေညာလိုက်ပါတယ်။ 

OPPO K10 ဟာ ၂၀၁၉ ခုနှစ်က အိန္ဒိယမှာ တရားဝင်မိတ်ဆက်သွားတဲ့ OPPO K3 နောက်ပိုင်း K Series အဖြစ် ပထမဆုံးပြန်ပေါ်လာတဲ့ ထုတ်ကုန်သစ်ပါ။ နှစ်အတန်ကြာ ဈေးကွက်နဲ့ ကင်းကွာခဲ့ရာကနေ အသစ် ပြန်ဝင်လာတဲ့ OPPO K10 ဟာ Specs အနေနဲ့ လက်ရှိအသစ်ဝင်လာတဲ့ Realme 9i နဲ့ ဆင်ပါတယ်။ ကျောဘက်ကာဗာနဲ့ ကင်မရာဒီဇိုင်းပဲ ကွဲပြားတာပါ။




Screen Size ၆.၅ လက်မရှိပြီး punch-hole ဒီဇိုင်း IPS LCD Screen အမျိုးအစားနဲ့ လာပါတယ်။ Screen ရုပ်ထွက် FHD+ Resolution ပါပြီး 90Hz Refresh Rate သုံးထားပါတယ်။ ဖုန်းညာဘက်ဘေးဘောင် ပါဝါခလုတ်ထဲမှာ လက်ဗွေဖတ်စနစ်ထည့်မြှပ်ထားပါတယ်။ Realme 9i လိုပဲ Qualcomm Snapdragon 680 Processor နဲ့ လာပြီး RAM 6/128GB Storage နဲ့ RAM 8/128GB Storage ဗားရှင်းနှစ်မျိုးနဲ့ ထွက်ထားပါတယ်။ Storage ထပ်မြှင့်ဖို့အတွက် microSD Card Slot လည်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ 

ရှေ့ဘက် Display punch-hole အိမ်ထဲမှာ 16MP Selfie ကင်မရာ သုံးထားပြီး ကျောဘက်အလျားလိုက် အပြည့် ကင်မရာ Module နေရာမှာ ထောင်လိုက်စတုဂံပုံ ကင်မရာအိမ်တစ်ခုနဲ့ လာပါတယ်။ ကင်မရာ Module ညာဘေးထောင့်မှာ 10-K Super Performance ဆိုပြီး စာတန်းထိုးထားပါတယ်။ ကင်မရာ Cutout အတွင်း သုံးလုံးတွဲကင်မရာအနေနဲ့ 50MP Main Sensor ၊ 2MP Depth Sensor နဲ့ 2MP Macro Lens တို့ သုံးပေးထားပါတယ်။ 

OPPO K10 ပါဝါအတွက် 5000mAh ဘက်ထရီ သုံးထားပြီး 33W Charging ပံ့ပိုးပေးပါတယ်။ ဒီဖုန်းမှာ 3.5mm Headphone jack တစ်ပေါက်လဲ ပါပြီး Black Carbon နဲ့ Blue Flame ကာလာနှစ်ရောင်နဲ့ ထွက်ထားပါတယ်။ RAM 6/128GB Storage ကို ရူပီး ၁၄၉၉၀ (မြန်မာငွေ ၃ သိန်းခွဲ) နဲ့ RAM 8GB/128GB Storage ဗားရှင်းကို ယွမ် ၁၆၉၉၀ (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က