တရုတ်စမတ်ဖုန်းကုမ္ပဏီ Infinix ဟာ စွမ်းရည်မြင့် Gaming processor သုံး ဖုန်းတစ်မျိုးကို အင်ဒိုနီးရှားဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။
Infinix Zero 8 ဟာ ဒီဇိုင်းပိုင်း ခပ်လန်းလန်း တန်ဖိုးသင့်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကျောဘက်မှာ စိန်ကွက်ပုံစံ Camera Module နဲ့ ထူးခြားတဲ့ ကျောဘက် Panel ဒီဇိုင်း သုံးထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၈၅ လက်မအကြီးစား IPS LCD display နဲ့ လာပြီး dual camera punch-hole ပါရှိပါတယ်။
Photo: GSMArena
ဘေးဘောင်အနားတွေ ပါးနိုင်သမျှ ပါးထားတဲ့ ဒီဖုန်းရဲ့ ဆေးတောင့်ပုံစံ Punch-hole ကင်မရာပေါက်ထဲမှာ 48MP နဲ့ 8MP dual selfies စနစ် သုံးထားပါတယ်။ 48MP sensor ဟာ 4K videos တွေလည်း ရိုက်ကူးနိုင်ပါတယ်။ screen ရဲ့ ထူးခြားချက်က smooth ဖြစ်လှတဲ့ 90Hz refresh rate ပါရှိပြီး 180Hz touch sampling ထည့်ထားပါတယ်။
Photo: GSMArena
Infinix Zero 8 ဟာ 33W charging support ပေးထားတဲ့ 4500mAh ဘက်ထရီနဲ့ လာပြီး အားသွင်းမှုကိုတော့ USB Type C ကနေ လုပ်ဆောင်နိုင်မှာပါ။ ဖုန်းကိုယ်ထည် ညာဘက်ဘောင်မှာ ရှိတဲ့ ပါဝါခလုတ်ထဲမှာ Fingerprint sensor ထည့်ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ XOS 7 နဲ့ လာပါတယ်။
Gaming အသားပေး Helio G90T processor နဲ့အတူ RAM 8GB / onboard storage 128GB ပါရှိပြီး microSD card ကနေ storage ကို ထပ်မြှင့်နိုင်မှာပါ။ Infinix Zero 8 ကို အင်ဒိုနီးရှားဈေးကွက်မှာ ရူးပတ်၃၇၉၉၀၀၀ (မြန်မာငွေ ၃ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။