ဈေးနှုန်းနဲ့ ရောင်းမယ့်ရက် မသိရသေးပါဘူး

Samsung ရဲ့ တန်ဖိုးသင့် Galaxy M22 ဖုန်းသစ်ကို ဂျာမနီဈေးကွက်မှာ တရားဝင်မိတ်ဆက်လိုက်တယ်လို့ ဆိုပါတယ်။

           Galaxy M22 ဟာ waterdrop စတိုင် notch နဲ့ ကင်မရာ sensor ၄ လုံးပါ ကျောဘက် စတုရန်းပုံ module သုံးထားပြီး ကင်မရာ module အောက်မှာ Flash မီးတစ်လုံး ပါရှိမှာပါ။ ဖုန်းရဲ့ ဘေးဘောင်မှာ Fingerprint sensor တစ်ခု ပါရှိပြီး ကျောဘက်ဖုန်းကာဗာဟာ ထောင်လိုက်အစင်း Texture ဒီဇိုင်း သုံးထားတာပါ။ Galaxy M22 ဟာ ၆.၄ လက်မ Super AMOLED display နဲ့ လာပြီး ရုပ်ထွက်အရည်အသွေးဟာ HD+ resolution ပဲ ရှိမယ်လို့ ဆိုပါတယ်။



Photo: Gizmochina


           အားသာချက်တစ်ခုက 90Hz refresh rate ပံ့ပိုးထားတာပဲ ဖြစ်ပါတယ်။ Screen ရဲ့ အောက် ဘောင် Bezel ကတော့ ဈေးကွက်ထဲမှာ မြင်နေကျဖုန်းတွေ Bezel ဘောင်တွေထက် ပိုထူပါတယ်။ notch ထဲမှာ 13MP ကင်မရာ သုံးထားပြီး ကျောဘက်ကင်မရာအိမ်ထဲမှာ 48MP main sensor ၊ 8MP ultrawide ၊ 2MP macro lens နဲ့ 2MP depth sensor တို့နဲ့ လာပါတယ်။

           Galaxy M22 ဟာ MediaTek Helio G80 chipset ကို 4GB/128GB storage နဲ့ တွဲဖက်သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ One UI Core နဲ့ လာပါတယ်။ ဒီဖုန်းဟာ 25W charging နဲ့လာတဲ့ 5000mAh ဘက်ထရီ သုံးထားပါတယ်။ တခြား features တွေ အနေနဲ့ 3.5mm headphone jack နဲ့ NFC receiver တို့လည်း ပါဝင်ပါတယ်။ အနက် ၊ အပြာနဲ့ အဖြူ သုံးရောင်နဲ့ ထွက်ထားပြီး ဈေးနှုန်းနဲ့ ထွက်မယ့်ရက် ကြေညာခြင်း မရှိသေးပါဘူး။

Share

Loading Next Article...
က္က