ကင်မရာ ၆ လုံး သုံးထားပါတယ်

Realme ရဲ့ နောက်ဆုံးပေါ် high-end ဖုန်းကတော့ 5G ဖုန်းတွေထဲမှာ ဈေးအနည်းဆုံး စာရင်းဝင်ပါတယ်။

Realme X50 Pro နာမည်နဲ့ အသစ်ထွက်လာတဲ့ ဒီဖုန်းဟာ အစောပိုင်းက ဘာစီလိုနာမြို့ MWC 2020 မှာ မိတ်ဆက်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဖုန်းပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် MWC 2020 ပွဲပျက်သွားခဲ့တာကြောင့် အခုလို ရက်ရွှေ့ပြီး မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ Snapdragon 865 Processor သုံးလာတဲ့ ထိပ်တန်းဖုန်းအနည်းငယ်ထဲက တစ်လုံးဆိုလည်း မမှားပါဘူး။

Photo: businesstoday

Realme X50 Pro ဟာ မျက်နှာပြင် ၆.၄၄ လက်မ FullHD+ Super AMOLED display နဲ့ လာပြီး 90Hz refresh rate ပါရှိပါတယ်။ Gorilla Glass 5 အုပ်ထားပြီး fingerprint scanner ဟာ ဖုန်း display အောက်မှာ ရှိပါတယ်။ Snapdragon 865 SoC နဲ့အတူ 5G modem ပါရှိပြီး RAM ကို အမြင့်ဆုံး 12GB အထိ သုံးထားပါတယ်။

dual punch hole display အမျိုးအစားနဲ့ လာပြီး selfie ကိုလည်း 32MP နဲ့ 8MP ultrawide နှစ်လုံးတွဲ ကင်မရာ တပ်ဆင်ထားပါတယ်။ ကျောဘက်မှာ Samsung ထုတ် 64MP ကင်မရာ ၊ 8MP ultrawide macro ၊ 12MP telephoto နဲ့ monochrome depth sensor တို့ ပါရှိပါတယ်။ zooming အနေနဲ့ Realme ကတော့ 5x optical hybrid နဲ့ 20x hybrid zoom တွေ ဆွဲနိုင်မယ်လို့ ပြောထားပါတယ်။

ဘက်ထရီဟာ 4200mAh dual cell အမျိုးအစား ဖြစ်ပြီး 65W SuperDart fast charging ပံ့ပိုးထားပါတယ်။ အားအပြည့်သွင်းဖို့အတွက် ၃၅ မိနစ်ပဲ ကြာမယ့် အားသွင်းနည်းပညာလည်း ဖြစ်ပါတယ်။ Realme X50 Pro ဟာ stereo speakers တွေ သုံးထားပြီး wireless charging တော့ ရမှာ မဟုတ်ပါဘူး။

Android 10 ကို အခြေခံထားတဲ့ Realme UI စနစ် သုံးထားပြီး ဂိမ်းအမြင့်ကစားသူတွေအတွက် Vapor Cooling စနစ် ထည့်ပေးထားပါတယ်။ Moss Green နဲ့ Rust Red နှစ်ရောင်နဲ့ လာပြီး အနိမ့်ဆုံးဗားရှင်း RAM 8GB/128GB storage ကို ၅၉၉ ယူရို (မြန်မာငွေ ၉ သိန်း ၃ သောင်း‌ခန့်) ဍေးနဲ့ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။

Photo: firstpost

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က