Helio G-series Chipset သုံး Motorola ရဲ့ တန်ဖိုးနည်းဖုန်းသစ်နှစ်မျိုးကို ဘရာဇီးနဲ့ ဥရောပဈေးကွက်တွေမှာ ကြေညာသွားပါတယ်။
Motorola ထုတ် Moto E22 နဲ့ Moto E22i တို့ဟာ သပ်ရပ်တဲ့ဒီဇိုင်း နဲ့ 90Hz Refresh Rate ပါ HD+ LCD Display တွေ သုံးလာပြီး ဘက်ထရီပါဝါ 4020mAh ပါရှိပါတယ်။ Moto E စီးရီးဖုန်းနှစ်လုံးဟာ ဒီဇိုင်းပိုင်း သားနားပြီး တစ်ခုနဲ့တစ်ခု ကွာခြားချက်သိပ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ Hardware ပိုင်းမှာဆို Moto E22 နဲ့ Moto E22i တို့ဟာ တစ်ပုံစံတည်းနီးပါး ဖြစ်ပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာသာ Moto E22i ကို Android 12 (Go Edition) ဖုန်းအနေနဲ့ မြင်ရတာပါ။
Specs ပိုမြင့်တယ်လို့ ပြောနိုင်တဲ့ Moto E22 ကတော့ Android 12 ကို အခြေခံထားတဲ့ Motorola ရဲ့ MyUX နဲ့လာပါတယ်။ နှစ်မျိုးစလုံးဟာ ၆.၅ လက်မဆိုဒ် HD+ LCD Display နဲ့ လာပြီး 90Hz Refresh Rate နဲ့ MediaTek Helio G37 Chipset ပါရှိပါတယ်။ RAM/Storage အနေနဲ့လည်း 4GB/64GB အတွဲ သုံးပေးထားလို့ တန်ဖိုးနည်းဖုန်းတစ်လုံးအနေနဲ့ အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ Storage ထပ်မြှင့်ဖို့အတွက် microSD Card Slot တစ်ခုလည်း onboard ပါရှိပါတယ်။
ကင်မရာအနေနဲ့ ရှေ့ဘက် Waterdrop Notch ထဲမှာ ဆယ်လ်ဖီနဲ့ ဗွီဒီယိုခေါ်ဆိုမှုအတွက် 5MP ကင်မရာ နဲ့ ကျောဘက် Panel ထဲမှာ 16MP Main Sensor ၊ 2MP Macro Lens နဲ့ LED Flash မီးတစ်ခု ထည့်ပေးထားပါတယ်။ စမတ်ဖုန်းနဲ့ သီချင်းသံစဉ်ကို ရသအပြည့် နားထောင်နိုင်ဖို့အတွက် Moto E22 မှာ Dolby ATMOS နည်းပညာသုံး Stereo စပီကာ နှစ်လုံးနဲ့ 3.5mm Audio Jack တစ်ခုတို့လည်း ထည့်သွင်းထားပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ Dual 4G VoLTE ၊ WiFi 802.11ac ၊ Bluetooth 5.0 ၊ FM Radio ၊ GPS နဲ့ USB-C Port တစ်ခုတို့လည်း ပါမှာ ဖြစ်ပါတယ်။
Moto E22 ကို Astro Black နဲ့ Crystal Blue နှစ်ရောင်နဲ့ ဝယ်ယူနိုင်ပြီး ဈေးနှုန်း ဒေါ်လာ ၁၄၀ (မြန်မာငွေ ၄ သိန်းဝန်းကျင်) သတ်မှတ်ထားပါတယ်။ ဈေးကွက်အနေနဲ့ ဥရောပအပြင် အရှေ့အလယ်ပိုင်း ၊ အာဖရိက နဲ့ တောင်အမေရိကတို့မှာလည်း မကြာခင် ဝင်ရောက်ဖို့ ရှိပါတယ်။ Moto E22i ကိုတော့ Graphite Gray နဲ့ Winter White ကာလာနှစ်မျိုးနဲ့ ဝယ်ယူနိုင်ပြီး ဒေါ်လာ ၁၃၀ (မြန်မာငွေ ၄ သိန်းအောက်) တန်း ဈေးနဲ့ ဥရောပ ၊ အရှေ့အလယ်ပိုင်း ၊ အာရှပစိဖိတ် နဲ့ လက်တင်အမေရိကဈေးကွက်တွေထဲ ဝင်ရောက်လာမှာပါ။