Flip Camera နဲ့ High-end processor သုံး ဖုန်းသစ်တွေပါ

Asus ရဲ့ flagship မော်ဒယ် Zenfone စီးရီးကနေ flip ကင်မရာသုံး ဖုန်းသစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Asus ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Flipping ကင်မရာစနစ်သုံး Zenfone 6 ကို ကြေညာခဲ့တာပါ။ ဒီတစ်ကြိမ် ထွက်လာတဲ့ Zenfone 7 နဲ့ 7 Pro တို့မှာလည်း Flip Camera ကို သုံးထားပြီး အကြီးစား 5000mAh ဘက်ထရီကို ဆက်သုံးထားပါတယ်။ Zenfone 7 စီးရီးမှာ ကင်မရာနဲ့ display ပိုင်း သိသာတဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်လာပါတယ်။



Photo: The Verge

ဖုန်းသစ်နှစ်မျိုးစလုံးဟာ 90Hz refresh rate ပါ OLED display နဲ့ ထွက်လာပြီး screen size ၆.၆၇ လက်မ သုံးသွားပါတယ်။ processor အနေနဲ့ Zenfone 7 မှာ Snapdragon 865 SoC နဲ့ လာပြီး Pro မော်ဒယ်မှာ Snapdargon 865 Plus နဲ့ ထွက်လာတာ ဖြစ်ပါတယ်။

Zenfone 7 ဟာ အမြင့်ဆုံးမော်ဒယ် RAM LPDDR5 RAM 8GB/ UFS 3.1 128GB ထွက်ထားပြီး Pro ဗားရှင်းကတော့ RAM 8GB/256GB နဲ့ လာပါတယ်။ ဖုန်းနှစ်မျိုးစုံးဟာ microSD card slot ကနေ 2TB အထိ ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။ wireless charging မရပေမယ့် wired charging အနေနဲ့ 30W fast charging ပံ့ပိုးထားပါတယ်။

ကျောဘက်မှာ Triple Flip ကင်မရာစနစ် သုံးလာပြီး လက်ဗွေစနစ်ကို ကျောဘက်အစား power button ထဲမှာ ထည့်ထားပါတယ်။ ဒီခလုတ်ဟာ Smart Key တစ်ခုလိုပါ အလုပ်လုပ်နိုင်မှာပါ။ Flipping ကင်မရာထဲမှာ 64MP wide-angle ကင်မရာ ၊ ၁၁၃ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 12MP ultrawide ကင်မရာနဲ့ 3x optical zoom ရိုက်နိုင်မယ့် 8MP ကင်မရာတို့ ပါရှိပါတယ်။


Photo: sproutwired

Flip ကင်မရာဖြစ်လို့ ဆယ်လ်ဖီဆွဲချိန်မှာ ကျောဘက်ကင်မရာဟာ ရှေ့ကို လှန်တက်လာမှာ ဖြစ်ပါတယ်။ ဒီကင်မရာစနစ်ဟာ အကြိမ်ပေါင်း ၂ သိန်းအထိ Flip ခေါက်နိုင်မယ်လို့ ဆိုပါတယ်။ အရင် Zenfone 6 မှာ အကြိမ်ပေါင်း ၁ သိန်း အထိ ခေါက်နိုင်ဖွင့်နိုင်မယ်လို့ ကြေညာထားတာပါ။

Asus Zenfone 7 နဲ့ Zenfone 7 Pro တို့ကို လာမယ့်စက်တင်ဘာ ၁ ရက်‌နေ့မှာ ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိသွားမှာပါ။ ထိုင်ဝမ်ဈေးကွက်မှာ Zenfone 7 (RAM 8GB/128GB storage) ကို ထိုင်ဝမ်ဒေါ်လာ ၂၁၉၉၀ (မြန်မာငွေ ၁၀ သိန်းခန့်) နဲ့ Zenfone 7 Pro (RAM 8GB/ 256GB storage) ဗားရှင်းကို ထိုင်ဝမ်ဒေါ်လာ ၂၇၉၉၀ (မြန်မာငွေ ၁၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။



 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က