သုံးရက်အထိ အားခံနိုင်မယ့် ဘက်ထရီပါဝါသုံးထားတယ်လို့ ဆိုပါ

HMD Global ရဲ့ Upgrade လုပ်ထားတဲ့ တန်ဖိုးသင့် Nokia ဖုန်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။ 

Nokia G21 ဟာ အရင်နှစ်က ဖြန့်ချိခဲ့တဲ့ Nokia G20 ထက် Screen ၊ Camera နဲ့ ဘက်ထရီပိုင်းတွေမှာ ဦးစားပေးအဆင့်မြှင့်တင်မှု လုပ်ဆောင်လာတဲ့ဖုန်းပါ။ Screen Size ၆.၅ လက်မ LCD display သုံး ဖုန်းတစ်လုံးဖြစ်ပြီး Noka G Series တွေထဲမှာ 90Hz Refresh Rate ပထမဆုံး သုံးလာတာက ထူးခြားချက်တစ်ခုပါပဲ။ ဖုန်းပါဝါအစား သက်သာချင်ရင်တော့ Adaptive Mode ဖွင့်ထားပြီး 60Hz နဲ့ သုံးနိုင်မှာပါ။



Photo: GSMArena


နောက်ထပ် ထူးခြားမှုက အကြီးစား 5050 mAh ဘက်ထရီပါဝါသုံးလာပြီး တစ်ခါအပြည့်အားသွင်းထားတာနဲ့ ၃ ရက်အထိ အသုံးခံနိုင်မယ်ဆိုတဲ့ ကြော်ငြာပဲ ဖြစ်ပါတယ်။ HMD ဟာ ဖုန်းရဲ့ ပါဝါအစားသက်သာအောင် လုပ်တဲ့ power saving mode ကို အဆင့်မြှင့်ထားပြီး ဘက်ထရီပါဝါ ၂၀% မှာ ဒီ feature ကို ပထမအဆင့် First Level အနေနဲ့ အသက်ဝင်စေပြီး ဘက်ထရီ ၁၀% မှာ ဘက်ထရီသက်တမ်းဆွဲဆန့်ဖို့ second level ပါဝါချွေတာမှု လုပ်နိုင်မှာပါ။ 

Charging Speed 18W အထိ အမြင့်ဆုံး ထောက်ပံ့ပေးထားပေမယ့် ဖုန်းဗူးထဲမှာတော့ 10W Adapter ပဲ ပါရှိတာကြောင့် 18W နှုန်းနဲ့ အားသွင်းနိုင်မှာ မဟုတ်ပါဘူး။ ဖုန်းဘော်ဒီအနံကိုလည်း အရင် ၉.၂ မီလီမီတာကနေ ၈.၅ မီလီမီတာအထိ လျှော့ပြီး ပိုသွယ်အောင် ထုတ်ထားတယ်လို့ ဆိုပါတယ်။ ရှေ့ဘက် Waterdrop Notch ဒီဇိုင်းသုံးထားပြီး ဆယ်လ်ဖီကင်မရာအကြောင်းတော့ မသိရပါဘူး။

Photo: gizmochina


ကျောဘက် ထောင်လိုက်ကင်မရာ ၃ လုံးတန်းထဲမှာ 50MP Main Sensor ၊ 2MP Macro Lens နဲ့ 2MP Depth Sensor တို့ ထည့်သွင်းထားပြီး Super Resolution နဲ့ Night Mode လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ 12nm octa-core Unisoc T606 Processor ၊ Mali G57 MP1 GPU တို့နဲ့အတူ RAM 4GB ၊ 64GB/128GB Storage ဗားရှင်းတွေနဲ့ ထွက်ထားပါတယ်။ 

Dual SIM ဖုန်းအမျိုးအစား ဖြစ်ပြီး MicroSD Card ထည့်ဖို့အတွက်လည်း slot နေရာပါရှိပါတယ်။ Android 11 စနစ် သုံးထားပြီး major Android Updates နှစ်နှစ်အထိ ပေးမှာ ဖြစ်လို့ Android 13 အထိ တင်နိုင်မှာပါ။ Nokia G21 ကို ဥရောပဈေးကွက်မှာ ယူရို ၁၇၀ (မြန်မာငွေ ၃ သိန်းခွဲနီးပါး) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က