Triple lens နဲ့ 4500mAh ဘက်ထရီလည်း သုံးထားပါတယ်။

TCL 20 စိးရီးထဲကနေ ဈေးသင့်တဲ့ 5G ဖုန်းသစ် TCL 20 R 5G ကို ဥရောပဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

           TCL ဟာ ဒီနှစ်ဆန်းပိုင်းမှာ TCL 20 5G နဲ့ TCL 20 SE ကို စတင်ဖြန့်ချိခဲ့တဲ့ TCL 20 စီးရီးကို မိတ်ဆက်ခဲ့တာပါ။ ဒီနောက်မှာ နောက်ထပ် TCL 20 စီးရီး ဖုန်းသစ်တွေ ဖြစ်တဲ့ TCL 20 Pro 5G ၊ TCL 20S ၊ TCL 20L နဲ့ TCL 20L+ ဆိုပြီး ဖုန်းသစ် ၄ မျိုးကို ထပ်ပြီး ကြေညာခဲ့ပါတယ်။ အခု နောက်ထပ် ထွက်လာတဲ့ TCL 20 R 5G ဟာ ၁၇၉ ယူရို ဈေးနဲ့ စတင်ရောင်းချသွားမယ့် တန်ဖိုးသင့် 5G မော်ဒယ်ပဲ ဖြစ်ပါတယ်။




Photo: xda-developers

           TCL 20 R 5G ဟာ Screen Size ၆.၅၂ လက်မ LCD display သုံးထားပြီး HD+ resolution ဖြစ်တဲ့ 1600 x 720p နဲ့လာတာပါ။ ကျောဘက်မှာ Fingerprint scanner နဲ့ ထောင်လိုက်စတုဂံကင်မရာအိမ် သုံးထားပြီး ရှေ့ဘက်မှာ teardrop notch ဒီဇိုင်းနဲ့ ထွက်ထားပါတယ်။ 90Hz Refresh Rate ပေးထားတဲ့အချက် နဲ့ 4500mAh ဘက်ထရီ သုံးထားတဲ့အပေါ်မှာလည်း ချီးကျူးရမှာပါ။

           Touch Sampling Rate 180Hz ၊ အမြင့်ဆုံးတောက်ပမှု Brightness 500nitနဲ့လာပြီး microSD card support လည်း ပေးထားပါတယ်။ RAM 4GB/64GB storage ဟာ သင့်တင့်တဲ့ အတွဲအဖက်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ရှေ့ကင်မရာအကြောင်း အချက်အလက် မပြောထားပေမယ့် ကျောဘက်မှာ 13MP main sensor ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီး သုံးလုံးတွဲကင်မရာကို သုံးသွားမှာပါ။


           Charging speed ကို 10W support ပဲ ပေးထားပေမယ့် USB Type C port နဲ့ အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ ဒီဖုန်းမှာ 3.5mm headphone jack ပေါက်လည်း ပါရှိပါတယ်။ SoC အနေနဲ့ MediaTek Dimensity 700 ကို သုံးထားပြီး 5G ကို Standalone (SA) ရော Non-Standalone (NSA) ပါ ချိတ်ဆက်မှုပေးနိုင်မှာပါ။ Bluetooth 5.2 နဲ့ NFC ချိတ်ဆက်မှုလည်း ပါဝင်ပါတယ်။

           ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ TCL UI နဲ့ လာပြီး Security Updates ကို သုံးနှစ်အထိ ပေးသွားမယ်လို့ ဆိုပါတယ်။ အနက်နဲ့အပြာ နှစ်ရောင်နဲ့ ထွက်ထားပြီး နယ်သာလန်မှာ TCL 20 R 5G ကို ၁၇၉ ယူရို (မြန်မာငွေ ၃ သိန်းခွဲ) ဈေးနဲ့ လာမယ့် အောက်တိုဘာလကစပြီး ဝယ်ယူနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က