Realme ရဲ့ flagship ဖုန်းသစ်ကို လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ မိတ်ဆက်ကြေညာသွားမှာပါ။
ဈေးကွက်မှာ မြန်မြန်ဆန်ဆန် နေရာရလာတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်သစ် Realme ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Snapdragon 865 porcessor သုံး high-end ဖုန်းကို မကြာခင် မိတ်ဆက်သွားဖို့ ပြင်နေပါတယ်။ အစောပိုင်းက ဘာစီလိုနာ MWC 2020 ပွဲမှာ ကြေညာဖို့ စီစဉ်ခဲ့ပေမယ့် GSMA ဘက်ကနေ ပွဲကို ပယ်ဖျက်ခဲ့ပြီးနောက် Realme ဟာ X50 Pro 5G ဖုန်းကို အွန်လိုင်းကနေပဲ မိတ်ဆက်ဖို့ပြင်နေပါတယ်။
Photo: GSMArena
တရားဝင် မိတ်ဆက်မှုတွေ မလုပ်ခင်မှာ Realme ဟာ ဒီဖုန်းနဲ့ ပတ်သက်ပြီး ထူးခြားမှုနှစ်ခုကို Twitter ပေါ်မှာ အမြည်းသဘော မိတ်ဆက်ထားပါတယ်။ တစ်ခုကတော့ 65W SuperDaft fast charging နည်းပညာပါ။ Realme ရဲ့ လက်ရှိထွက်ထားတဲ့ flagship ဖုန်း Realme X2 Pro ဟာ 50W SuperVOOC Flash Charge အားသွင်းနည်ပညာ သုံးထားပါတယ်။
65W fast charging သုံးတဲ့ တစ်ခုတည်းသော ဖုန်းက OPPO Reno Ace ဖြစ်ပါတယ်။ Realme X50 5G နဲ့ မတူတာက display ပါ။ Pro မော်ဒယ်ဟာ 90Hz Refresh rate ပါ Super AMOLED display သုံးသွားဖို့ ရှိပြီး Realme X50 5G မှာတော့ 120Hz IPS LCD displayနဲ့ ထွက်လာတာ ဖြစ်ပါတယ်။
Realme X50 Pro 5G ဟာ Snapdragon 865 SoC နဲ့အတူ SA နဲ့ NSA ကွန်ရက်နှစ်မျိုးလုံး ပံ့ပိုးနိုင်တဲ့ dual-mode 5G စနစ် ပါလာပါတယ်။ ဒီဇိုင်းအနေနဲ့ dual punch hole ရှေ့နှစ်လုံးတွဲ ဆယ်လ်ဖီကင်မရာနဲ့ ကျောဘက်မှာ ထောင်လိုက် Quad-camera array သုံးသွားမယ်လို့ သတင်းထွက်ထားပါတယ်။