၁၂ လပပိုင်းမှာ ဒူးခေါင်းကို ဆေးစစ်မယ်။

ကျော်ကိုကိုက ချင်းရွိုင်အသင်းနဲ့အတူ လိဂ်ပြီးဆုံးတဲ့အထိ မကစားရပေမယ့်လည်း အသင်းနဲ့အတူ Thai FA Cup ချန်ပီယံ ဖြစ်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ပါတယ်။


Photo - Chiang Rai United FC

 

မြန်မာ့လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ကျော်ကိုကိုကတော့ ထိုင်းကလပ် ချင်းရွိုင် ယူနိုက်တက်အသင်းမှာ အငှားသွား ကစားနေရာမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

လက်ရွေးစင်အဆင့် လူငယ်ကွင်းလယ်ကစားသမားနှစ်ဦးခေါ်မယ့် ရှမ်းယူနိုက်တက် 

ကျော်ကိုကိုအနေနဲ့ ထိုင်းကလပ်မှာ ကစားစဉ် ဒူးခေါင်း ဒဏ်ရာရသွားခဲ့လို့ လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက အချိန်ကာလကြာမြင့်စွာ အနား ယူနေရခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo - MFF

 

လက်ရှိမှာတော့ ထိုင်းကလပ် ချင်းရွိုင် ယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ်သက်တမ်းအရ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာပါ။

ထိုင်းလိဂ်ကလည်း လက်ရှိမှာ ပြီးဆုံးခဲ့ပြီ ဖြစ်လို့ ကျော်ကိုကိုအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဒဏ်ရာနဲ့ ပတ်သက်တဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။

Photo - MFF

 

"ကျွန်တော် ၁၂ လပိုင်းကျရင်တော့ ဒဏ်ရာကို ဆေးပြန်စစ်ရမယ်။ အဲ့ဒါပြီးရင်တော့ ကျွန်တော် ဘယ်လောက် ထပ်နားဖို့လိုသေးတယ်။ဘယ်အ ချိန်လောက် ပြန်ကစားနိုင်မယ်ဆိုတာ ပိုပြီး တိတိကျကျသိနိုင်ပါမယ်။ အခုကတော့ မူလဖြစ်တုန်းက ပြောခဲ့တဲ့အတိုင်း ၇ လလောက်နားရမယ်ဆို တဲ့အပေါ်မှာ အခု ၇ လလောက် နားဖြစ်နေပါပြီ။ လက်ရှိမှာတော့ ကျွန်တော့်ကို Physiotherapist ရဲ့ လမ်းညွှန်မှုအရ လေ့ကျင့်ခန်းတွေ ပြုလုပ် နေပါတယ်။" လို့ ကျော်ကိုကိုက ပြောပါတယ်။

ကျော်ကိုကိုနဲ့ ရန်ကုန်အသင်းတို့ရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၁၉ အကုန်မှာ ပြည့်မယ်လို့ သိထားရပြီး အခြား ထိုင်းထိပ်တန်း ကလပ် အသင်းတွေရဲ့ ကမ်းလှမ်းမှုမျိုးတော့ မရသေးဘူလို့ ကျော်ကိုကိုက ဆက်လက်ပြောပါတယ်။

" ဖြစ်နိုင်ရင်တော့ ဒူးကောင်းရင် ကျွန်တော် ထိုင်းလိဂ်မှာ ထပ်ပြီး try ချင်ပါသေးတယ်။ လောလောဆယ်တော့ ဒူးကိုပဲ အာရုံစိုက်နေပြီး အခြား ဘယ်အသင်းတွေကမှလည်း ကမ်းလှမ်းတာ မရသေးပါဘူး။" လို့ ပြောပါတယ်။

ကျော်ကိုကိုအနေနဲ့ ဒူးဒဏ်ရာကြောင့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ၂၀၁၈ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရပြီဖြစ်သလို ၂၀၁၆ ခုနှစ် တုန်းကလည်း မပါဝင်နိုင်ခဲ့လို့ ကျော်ကိုကိုအတွက်တော့ ဆူဇူကီးဖလားကို ၂ ကြိမ်ဆက် လွဲချော်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က