တကယ်ကောင်းတဲ့ ကုသိုလ်ပါပဲ။

နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် သရုပ်ဆောင်ရတနာဗိုလ်ရဲ့ မွေးနေ့ကိုတော့ အောင်ဇမ္ဗူတောရရိပ်သာမှာ ကျင်းပပြုလုပ်သွားမယ် လို့ သိရပါတယ်။ သူမကတော့ အနုပညာပျိုးခင်း ၂ ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးချော လေးဖြစ်ပါတယ်။

Photo: ရတနာဗို ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ရတနာဗိုလ် က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ကိုတော့ အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ အလှူကိုတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇမ္ဗူတောရရိပ်သာမှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းသင်္ကန်းလှူ မယ် လို့ ပြောပြခဲ့ပါတယ်။

'' မနက်ဖြန်(၁၅)ရက် ဗိုလ်မွေးနေ့မှာ အောင်ဇမ္ဗူတောရဓမ္မရိပ်သာမှာ ဆရာတော်ဘုရားကြီးနှင့်သံဃာတော်များ ကိုဆွမ်းသင်္ကန်းကပ်လှူ ပူဇော် ပြီး ဘုရားဖူးလာတဲ့ဧည့်သည်များအားလုံးကို စတုဒီသာကျွေးမွေးလှူဒါန်းမှာဖြစ်ပါတယ်ရှင့် ဗိုလ်ဘယ်သူ့မှ မဖိတ်တာ မခေါ်တာ မပြော တာမဟုတ်ပါဘူးရှင့်။ မှော်ဘီအထိဆိုတော့ လာရတာဝေးလို့အလုပ်ရှုပ်မှာစိုးတာရယ် တကူးတကတွေဖြစ်မှာစိုးလို့ မပြောဖြစ်တာပါ '' လို့ ဆိုပါတယ်။

Photo: ရတနာဗို ဖေ့စ်ဘွတ်

 

သူမအနေနဲ့ ဒီနှစ်မှာ ကျရောက်တဲ့ မွေးနေ့လေးကို မိသားစုလေးနဲ့အတူ ရိုးရိုးလေးပဲ ဖြတ်သန်းချင်တာကြောင့် မိတ်ဆွေ၊ အပေါင်းအသင်း တွေကို မဖိတ်ကြားမိဘူးလို့ ဆိုပါတယ်။

''ရိုးရိုးမိသားစုမွေးနေ့အလှူလေးမို့အားနာလို့ပါရှင့်။ လမ်းကြုံလို့ ဘုရားဖူးလာရင်းဖြစ်ဖြစ် ဆရာတော်ဘုရားကြီးကိုလာဖူးတာဘဲဖြစ်ဖြစ် စတုဒီသာ လာရောက်သုံးဆောင်ကြပါလို့ ဖိတ်ခေါ်ပါတယ်နော်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည်း  ၂နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo: ရတနာဗို ဖေ့စ်ဘွတ်

 

အနုပညာပျိုးခင်းက ဘဝမှာကြီးမားတဲ့မှတ်တိုင်လို့ပြောလာတဲ့ ရတနာဗို 

ရတနာဗိုလ်ဟာ အနုပညာ ပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးလေး တစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာပျိုးခင်းက ဘဝရဲ့ ကြီးမားတဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။ ဒီ့အတွက်ကြောင့်လည်း ဆရာတွေကို ကျေးဇူးတင်စကား အခုလို ပြောခဲ့ပါတယ်။

'' ပျိုးခင်းမှာ ပါဝင်ခွင့်ရခဲ့တယ်ဆိုကလည်းက ကိုယ့်ဘဝမှာ ကြီးမားတဲ့အခွင့်အရေး၊ ကိုယ့်ဘဝရဲ့ ပြောင်းလဲမှုလို့ပဲ ယုံကြည်ထားတယ်။ ပြီး တော့ ဆရာတွေကိုလည်း အရမ်းကျေးဇူးတင်တယ်'' ဆိုတာကို နိုဝင်ဘာလ ၂ ရက်နေ့က ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲကို တက် ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ရတနာဗို ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ရတနာဗိုကတော့ သူသရုပ်ဆောင်ချင်တဲ့ ကာရိုက်တာမျိုးကို တစ်ချိန်မှာ သရုပ်ဆောင်ခွင့်ရခဲ့မယ်ဆိုရင် သူ့ဘက်က အနုပညာအရည်အချင်းပြည့်ဝအောင်၊ ပရိသတ်ကိုလည်း အကောင်းဆုံတင်ပြနိုင်တဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေဦးမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က