၀န်ထမ်းဟောင်းဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ပါရမီ၊ ဘေလီတံတားထိပ်က စားသောက်ဆိုင်တစ်ခုအတွင်းကိုဝင်ရောက်ပြီး YAMAHA – 750 ကီးဘုတ်ခိုးခဲ့တဲ့သူကို ဖမ်းဆီရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

 

46233703_1740113569451236_6868069996736544768_n.jpg

Photo - Yangon Police

 

ဆိုင်က ကီးဘုတ်ပျောက်ဆုံးနေတာကို နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းမှာ ဆိုင်မန်နေဂျာက သတိထားမိခဲ့ပြီး

ဝန်ထမ်းတွေကို မေးရာမှာ ဘယ်သူကမှ သိမ်းဆည်းထားခြင်းမရှိကြောင်းသိရတာကြောင့် ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့ကလိုက်ပြီးစုံစမ်းရာမှာ အရင်က အဲ့ဒီဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဇော်သက်အောင်ဟာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း အလုပ်အကိုင် အတည်တကျမရှိဘဲ အခြေ

အနေမဲ့သွားလာနေထိုင် နေကြောင်း စုံစမ်းသိရှိရ၍ လိုက်လံစုံစမ်း

ရှာဖွေခဲ့ရာ ကျောင်းကွေ့မှတ်တိုင်အနီးတွင် တွေ့ရှိခေါ်ယူစစ်ဆေးရာ ကီးဘုတ်ကိုသူခိုးခဲ့တယ်လို့ပေါ်ပေါက်ခဲ့ပါတယ်။

ဒါကြောင့် သက်သေခံပစ္စည်းကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီူး ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ 

(၄၂)ရပ်ကွက်နေ အသက် ၂၂ နှစ်အရွယ် ဇော်သက်အောင်ကို အရေးယူဖို့ တောင်ဥက္ကလာရဲစခန်းက အမှုဖွင့်ထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က