မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးကို ဓားနဲ့ ချစ်ခွင့်ပန်သူကို ဖမ်းဆီးအရေးယူထားတယ်လို့ မန္တလေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Photo - Mandalay Police
နိုဝင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲအချိန်လောက်မှာ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၉ လမ်း၊ ၄၃ လမ်းနဲ့ သိပ္ပံလမ်းကြားမှာ ဖြစ်ပွားခဲ့ပြီး အသက် ၂၀ အရွယ် လှိုင်မင်းအောင်ဆိုသူက အမျိုးသမီးတစ်ဦးကို လူငယ်သဘာ၀ ချစ်ခွင့်ပန်ရာ ပြန်မကြိုက်တာကြောင့် ဓားကိုင်လည်ပင်းထောက်ပြီး အဖြေတောင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ စုံစမ်းချက်အရသိရပါတယ်။
အဲဒီနောက် မဟာအောင်မြေရဲစခန်းက ရဲတွေ တွေ့ရှိသွားပြီး သက်သေခံ ဓားဦးချွန်ကို သိမ်းဆည်းခဲ့ပြီး သက်သေတွေရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။
ဆက်လက်ပြီးတော့ ဓားထောက်ပြီး ချစ်ခွင့်ပန်သူကို မဟာအောင်မြေမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူူထားတယ်လို့သိရပါတယ်။