မိခင်ဖြစ်သူ နို့တိုက်နေစဉ် မျောက်က အိမ်ထဲကို ဝင်ရောက်လာပြီး ကလေးကို ဆွဲယူသွားခဲ့ပါတယ်။

မျောက်တွေသောင်းကျန်းတဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်ဂရာမြို့မှာ မိခင်ဖြစ်သူ အမျိုသမီးထံမှ မျောက်တစ်ကောင်က လုယူကိုက်ခဲခံရတဲ့ ၁၂ ရက်သား ယောကျ်ားလေး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။



12-days-boy.jpg

မိခင်ထံမှ မျောက်က လုယူကိုက်ခဲမှုကြောင့် သေဆုံးခဲသည့် ကလေးငယ်



မိခင်ဖြစ်သူ ကလေးကိုနို့တိုက်နေစဉ်  နေအိမ်ထဲကို မျောက်တစ်ကောင်ဝင်ရောက်လာပြီးနောက် ကလေးကို ဆွဲယူသွားခဲ့တယ်လို့ မိသားစုက ပြောပါတယ်။ ထို့နောက် အိမ်နီးနားချင်းတွေက အဆိုပါမျောက်ကို လိုက်လံဖမ်းဆီးခဲ့ရာ မျောက်က ကလေးငယ်ကို နေအိမ်ခေါင်းမိုးတစ်ခုပေါ်မှာ ပစ်ချထားခဲ့တယ်လို့ ဆိုပါတယ်။

ကလေးငယ်ဟာ မျောက်ကိုက်ခံထားရတဲ့ ဒဏ်ရာများဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီးနောက် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားမှုအရ ၎င်းတို့ဒေသမှာ မျောက်တွေက တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားမှုမြင့်တက်လာကြောင်းလည်း သိရပါတယ်။



ယခုဖြစ်ရပ်ဆိုးကြောင့် မိသားစုအားလုံး ယူကြုံးမရ ပူးဆွေးဝမ်းနည်းနေကြရတယ်လို့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ဦးလေးဖြစ်သူဒီဟီရင်ဒရာ ကူးမားက ပြောပါတယ်။

"ဒီဒေသမှ မျောက်တွေ အများကြီးရှိတယ်၊ ကျွန်တော်တို့ ကြောက်နေရတယ်၊ အာဏာပိုင်တွေကိုလည်း အကူအညီပေးဖို့ အကြိမ်ပေါင်းများစွာ ပြောခဲ့တာပဲ၊ ဒါပေမဲ့ သူတို့ ဘာမှမလုပ်ကြဘူး၊ အခုလိုဖြစ်သွားပြီးတော့ ကလေးအမေဆိုရင် စိတ်ကယောက်ကယက်ဖြစ်ပြီး စကားတောင် မပြောနိုင်ဘူး" ကူးမားက ဖွင့်ဟခဲ့ပါတယ်။

သေဆုံးခဲ့သည့် ကလေးငယ်၏ အဘွား



မိသားစုအနေနဲ့ ယခုဆုံးရှုံးမှုကို မည်သည့်အခါမျှ ဖြေဆည်နိုင်မှာမဟုတ်ကြောင်း သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အဘွားဖြစ်သူ ပွတ်ရှ်ပါဒက်ဗီက ပြောပါတယ်။ မျောက်လုခံရတဲ့ ကလေးငယ်ဟာ ဆိုးရွားစွာ အကိုက်ခံထားရကြောင်း အနီးအနားရှိ ရဲစခန်းမှ ရဲအရာရှိ အဂျေးကောရှဲလ်က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

"မျောက်က ကလေးရဲ့ခေါင်းကိုကိုက်ပြီး လူတွေလိုက်လာချိန်မှာ ပစ်ချထားခဲ့တယ်" လို့ အဆိုပါ ရဲအရာရှိက ဆိုပါတယ်။ ယခုဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ တာ့ဂျ်မဟာတည်ရှိရာ အက်ဂရာမြို့မှာ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ မျောက်တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်လကလည်း အက်ဂရာမြို့မှာ လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးဟာ မျောက်တွေ တိုက်ခိုက်ခံခဲ့ရပြီး ဆေးရုံတင်ခဲ့ရပါတယ်။ ယခုအခါမှာတော့ အဆိုပါကလေးငယ်ဟာ ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီလို့ ဆိုပါတယ်။ ဒါ့အပြင် မေလအတွင်းမှာလည်း တာ့ဂျ်မဟာမှာ ကမ္ဘာလှည့်ခရီးသည်နှစ်ဦး မျောက်တွေ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။



"မျောက်တွေက အက်ဂရာမှာ နေရာတိုင်းရှိနေတယ်" လို့ ဒေသခံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ရှာရာဗင်ကူးမားဆင်းဂ်က Reuters ကို ပြောပါတယ်။

"သူတို့က အစာရှာဖို့လာကြတာပဲ၊ ဒါပေမဲ့ လုယူတာတွေ တိုက်ခိုက်တာတွေလည်း လုပ်ကြတယ်" လို့ ၎င်းကဆိုပါတယ်။ မြို့ပြနေရာ တိုးချဲ့ရာမှ ၎င်းတို့ရဲ့ သဘာဝနေထိုင်ကျက်စားရာ တောအုပ်နေရာတွေကနေ စွန့်ခွာလာရမှုတွေကြောင့်လည်း မျောက်တွေက ပိုမို ရန်မူလာကြတယ်လို့ ကူးမားဆင်းဂ်က ပြောပါတယ်။

ဒေသခံ အဖွဲ့အစည်းအချို့ကတော့ မျောက်တွေကို သားကြောဖြတ်ထားရန်နဲ့ ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ခံ တောရိုင်းတိရစ္ဆာန်စာရင်းကနေ ဖယ်ထုတ်ရန်အတွက် တောင်းဆိုမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က