မြို့မဈေးရှေ့မှာတော့ လက်လုပ်မိုင်း တစ်ခုတွေ့တယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့ လူစည်ကားတဲ့ မြို့မဈေးရှေ့မှာ လက်လုပ်ဗုံး တစ်လုံးသာတွေ့ရပြီး မီးပုံးပျံကွင်းနဲ့ တခြားနေရာတွေမှာ ဗုံးတွေ တွေ့တယ်ဆိုတာ မဟုတ်ဘူးလို့ တောင်ကြီးတန်ဆောင်တိုင်ကျင်းပရေး ကော်မတီက နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

 

Photo - တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ကော်မတီ





နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက ဗုံးတစ်လုံး တွေ့ရှိပြီး အချိန်မီ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖောက်ခွဲလိုက်တယ်လို့ သိရပါတယ်။



ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဈေးမီးပွိုင့်အနီးက ရွှေလွှာထက် အထည်ဆိုင်ခွဲရှေ့မှာ မသင်္ကာဖွယ် သေတ္တာအမည်းတစ်လုံးကို တွေ့ရှိတယ်ဆိုပြီး သတင်းပေးလာတာကြောင့် ဒီကနေ့ နေ့လယ် ၃ နာရီခွဲဝန်းကျင်လောက်က မိုင်းရှင်းလင်းရေးအဖွဲ့တွေ လာရောက်ရှင်းလင်းခဲ့တယ်လို့ တောင်ကြီးမြို့ ဒေသခံ NLD ပါတီဝင် ဦးအောင်ကျော်နိုင်က Duwun ကိုပြောပါတယ်။

46387239_1154695108025917_4932189766683721728_n.jpg

Photo _May Hnin Soe



အဆိုပါ ချိန်ကိုက်ဗုံးထည့်ထားတဲ့ သေတ္တာကို ဒီနေ့ နေ့လယ် ၂ နာရီလောက်က အဘိုးအိုတစ်ဦးက လာရောက်ချထားတာကို အနီးပတ်ဝန်းကျင် ဈေးဆိုင်တွေက တွေ့ရှိပြီး မသင်္ကာလို့ ဆိုပြီး သက်ဆိုင်ရာကို သတင်းပို့ အကြောင်းကြားခဲ့တာလို့သိရပါတယ်။

အဲဒီနောက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတာဝန်ရှိသူတွေက သေတ္တာကိုစစ်ဆေးပြီး အချိန်မီ ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။



လက်ရှိအချိန်က တောင်ကြီးမြို့မှာ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပနေတဲ့ ကာလဖြစ်ပါတယ်။ ပွဲတော်ကျင်းပတဲ့ ကာလဖြစ်တဲ့ နိုဝင်ဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်အထိတော့ တောင်ကြီးမြို့မှာ လုံခြုံရေးတွေတိုးမြှင့်ထားတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က