ဒါရိုက်တာ လူမင်းတာဝန်ယူရိုက်ကူးပြီး လူမင်း၊မြင့်မြတ်၊ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကြတ်ဂူရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်တဲ့ပထမဆုံးနေ့မှာတင် ပရိသတ်တွေက ရုံပြည့်၊ရုံလျှံ အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
ကြတ်ဂူရုပ်ရှင်ဇာတ်ကားဟာ ကယားပြည်နယ်မှာအမှန်တကယ်တည်ရှိပြီး သဘာဝလွန်ထူးခြားဆန်းကြယ်မှုတွေရှိနေတဲ့ ကြတ်ဂူကြီးကို အခြေခံပြီးရိုက်ကူးထားတာကြောင့် စိတ်ဝင်တစားကြည့်ရှုသူတွေများနေတာပါ။
မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာရှားပါးတဲ့ လျှို့ဝှက်သည်းဖိုနဲ့ ရိုးရာယုံကြည်မှုအခြေခံဇာတ်ကားတစ်ကားဖြစ်နေတာ ကြောင့်လည်း ထူးခြားကောင်းမွန်တဲ့မြန်မာရုပ်ရှင်ဇာတ်ကားမျိုးကိုတောင့်တနေတဲ့ပရိသတ်တွေရဲ့အကြိုက်နဲ့ကိုက်ညီခဲ့တာ ဖြစ်ပါတယ်။
ကြတ်ဂူရုပ်ရှင်ဇာတ်ကားကြီးမှာ ထူးခြားတဲ့ရိုးရာဓလေ့တွေကိုတွေ့မြင်ရမှာ ဖြစ်သလို ကံ၊ကံ၏အကျိုးကို ဖော်ကျူးထားတာကိုလည်း ရှုစားကြရမှာဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကို ပြောင်မြောက်လှပတဲ့ရိုက်ချက်တွေ၊ လိုက်ဖက်ညီတဲ့နောက်ခံတေးဂီတတွေနဲ့ အားဖြည့်ထားတာကိုလည်း တွေ့ကြရမှာပါ။
သရုပ်ဆောင်ပိုင်းမှာလည်း လူမင်း၊မြင့်မြတ်၊ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်တို့ဟာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တာနဲ့အညီ ဇာတ်ကောင်စရိုက်တွေကို ပီပီပြင်ပြင်သရုုပ်ဆောင်ပြနိုင်တာကြောင့် ကြည့်ရှုရတာ စိတ်ကျေနပ်စရာပါပဲ။
ဒါကြောင့် ၂၀၁၈ ခုနှစ်ထဲမှာ အလှည့်အပြောင်းတွေနဲ့ထွက်ပေါ်လာတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းကောင်းကို ကြည့်ရှုအားပေးချင်တယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံတဝမ်းကရုပ်ရှင်ရုံတွေမှာရုံတင်ပြသနေတဲ့ ကြတ်ဂူရုပ်ရှင်ဇာတ်ကားကြီး ကိုလက်မလွတ်တမ်းသွားရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။