ဖုန်းကြီးတိုင်းလည်း မြင်ကွင်းကျယ်ကျယ်မြင်ရတာမဟုတ်ပါဘူး။

honor 8x.jpg 

ဖုန်းကြီးတိုင်းလည်း မြင်ကွင်းကျယ်ကျယ်မြင်ရတာမဟုတ်ပါဘူး။ ဖုန်းကိုယ်ထည်နဲ့ မျက်နှာပြင်အချိုး (Screen To Body Ratio) က နိမ့်နေရင် ဖုန်းအကြီးကြီးကိုင်ထားရလို့ လေးတာပဲအဖက်တင်မှာပါ။

ဖုန်းကိုယ်ထည်နဲ့ မျက်နှာပြင်အချိုး (Screen To Body Ratio) နိမ့်တယ်ဆိုတာက လွယ်လွယ်ပြောရရင် ဘေးဘောင်တွေ၊ အပေါ်နဲ့အောက်ဘောင်တွေကအထူကြီးဖြစ်နေတာကိုပြောတာပါ။



ဘောင်တွေမပါသလောက်ဖြစ်ပြီး ဖုန်းကိုယ်ထည်နဲ့ မျက်နှာပြင်အချိုးမြင့်မားရင် စမတ်ဖုန်းနဲ့ ရုပ်ရှင်ကြည့်၊ဂိမ်းကစား တဲ့အခါ ပိုပြီးအပြည့်အဝခံစားရမှာပါ။

ဒါကြောင့်ဒီနေ့ခေတ် စမတ်ဖုန်းကုမ္ပဏီကြီးတွေက ဘောင်တွေကိုပါးနိုင်သလောက်ပါးပြီး Screen To Body Ratio မြင့်အောင် နည်းပညာပိုင်းအရရော၊ ဒီဇိုင်းပိုင်းအရပါ ကြိုးစားထုတ်လုပ်လာကြတာကိုတွေ့ရပါတယ်။

အဲဒီလိုအပြိုင်အဆိုင်ကြိုးစားထုတ်လုပ်နေတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တွေကြားမှာ အောက်တိုဘာလထဲတုန်းက မိတ်ဆက်လိုက်တဲ့ Honor 8X ကတော့ ၆.၅ လက်မမျက်နှာပြင်ကို Screen To Body Ratio 19.5 : 9 အထိရှိအောင် ဖန်တီးထုတ်လုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

 

ဒါကြောင့် မျက်နှာပြင်က ကြီးမားကျယ်ပြန့်သလောက် ဖုန်းကိုလက်ထဲမှာကိုင်ထားရတာကတော့ ၅.၅ လက်မအရွယ်ဖုန်းတစ်လုံးကိုကိုင်ထားရသလို သက်သောင့်သက်သာရှိနေမှာပါ။

ဒါဟာ လက်ရှိဈေးကွက်ထဲက Screen To Body Ratio မြင့်တဲ့အခြားစမတ်ဖုန်းတွေဖြစ်တဲ့ iPhone X ၊ Samsung Galaxy S9 ၊ Vivo Nex နဲ့ Xiaomi Mi 8 တို့ထက် မျက်နှာပြင်အရွယ်အစားအရရော၊ Screen To Body Ratio အရရောပိုမိုမြင့်မားသွားခဲ့ကာ ဘေးဘောင်တွေကပါတယ်လို့မထင်ရလောက်အောင်ကို ပါးလွှာသွားခဲ့ပါတယ်။

Honor 8X ဟာလက်ရှိခေတ်စားနေတဲ့ Notch ဒီဇိုင်းနဲ့ဖြစ်ပြီး Notch ကိုမနှစ်သက်သူတွေအတွက် Notch ကိုဖျောက်ထားပေးနိုင်တဲ့ လုပ်ဆောင်ချက်လည်းပါဝင်ပါတယ်။

မျက်နှာပြင်ကြီးမား၊ကျယ်ပြန့်သလို ရုပ်ထွက်အရည်အသွေးကလည်း 1080 x 2340 pixels ရှိတဲ့ IPS LCD မျက်နှာပြင် ဖြစ်တာကြောင့် ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်အရည်အသွေးကိုခံစားရမှာပဲ ဖြစ်ပါတယ်။

Honor 8X ရဲ့ဈေးနှုန်းကလည်း မြန်မာငွေ ၄ သိန်းဝန်းကျင်သာရှိတာကြောင့် ရုပ်ရှင်ကြည့်၊ ဂိမ်းကစား၊ Video Chat တွေကို ကြီးကြီးနဲ့ကျယ်ကျယ်မြင်တွေ့ခံစားရဖို့အတွက် အရွေးချယ်သင့်ဆုံးဖုန်းအဖြစ် အကြံပြုလိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က