မြောက်အမေရိကနဲ့EU တို့မှာ ကျင်းပသွားမှာပါ

အွန်လိုင်း eSport ပြိုင်ပွဲတစ်ရပ်အနေနဲ့ကျင်းပသွားမယ့် Fortnite ရဲ့ ဆောင်းရာသီဂိမ်းပြိုင်ပွဲကတော့ စတင်လှုပ်ရှားလာပြီ ဖြစ်ပါတယ်။

Photo: Polygon

 

Winter Royale tournament အဖြစ် ဆုကြေး စုစုပေါင်း ဒေါ်လာ ၁ သန်း ပေးသွားမယ့် ဒီပွဲအတွက် အရည်အချင်းစစ်မယ့်နေ့တွေကို နိုဝင်ဘာ ၂၄ ၊ ၂၅ နှစ်ရက် သတ်မှတ်ထားပါတယ်။ ဒီအရင် Epic က လုပ်တဲ့ Fortnite ပြိုင်ပွဲတွေမှာ ပရိုဂိမ်မာတွေနဲ့ဖိတ်ကြားထားတဲ့ streamers တွေပဲ ဝင်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး ဒီပွဲကတော့ လူတိုင်း ဝင်ပြိုင်နိုင်တဲ့ ပွဲ ဖြစ်ပါတယ်။

Winter Royale ပွဲမှာ လက်ရည်စစ်ပွဲနဲ့ဖိုင်နယ်ဆိုပြီး နှစ်ပိုင်း ကျင်းပသွားမှာပါ။ ဖိုင်နယ်ပွဲတွေကိုတော့ ဥရောပမှာ နိုဝင်ဘာ ၃၀ နဲ့မြောက်အမေရိကမှာ ဒီဇင်ဘာ ၁၁ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ဆိုပါတယ်။

"မြောက်အမေရိကနဲ့အီးယူက အတော်ဆုံး ဂိမ်မာတွေ ပါမှာပါ။ ဒီပလေယာတွေက သူတို့နိုင်ငံတွေအတွက် Winter Royale ဆန်ကာတင် ပြိုင်ပွဲဝင်တွေအဖြစ် ဝင်ရောက်ဖို့ဖိတ်ကြားခံရမှာပါ" လို့Epic မှ ဆိုပါတယ်။ Fortnite Winter Royale ပြိုင်ပွဲဟာ မြောက်အမေရိကနဲ့အီးယူ နှစ်နေရာအတွက်ပဲ ကန့်သတ်ထားတဲ့ ပြိုင်ပွဲပြီး နောက်ပိုင်းမှာ ဒေသအလိုက် tournament တွေ ဆက်ကျင်းပသွားဖို့လည်း စီစဉ်နေပါတယ်။

Fortnite ဟာ ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းကပဲ အန်းဒရိုက်ဖုန်းတွေမှာ မိုဘိုင်းလ်ဗားရှင်းအဖြစ် စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီအရင်က Fortnite ကို Xbox One ၊ PC ၊ PlayStation 4 နဲ့ iPhone /iPad တို့မှာ ကစားနိုင်ပြီး အခုချိန်မှာတော့ Nintendo Switch နဲ့ပါ ကစားနိုင်ပြီ ဖြစ်သလို ပလေယာပေါင်း ၁၂၅ သန်းကျော်ဟာ ဒီဂိမ်းကို ကစားနေကြတယ်လို့ထုတ်ပြန်ထားပါတယ်။

Photo: Tubefilter.com

 

ဒီပြိုင်ပွဲဟာ နောက်နှစ်မှာ ကျင်းပမယ့် Fortnite World Cup ဝင်ခွင့်အတွက် စာမေးပွဲဆိုလည်း မမှားပါဘူး။ Fortnite World Cup မှာတော့ ဒေါ်လာ သန်း ၁၀၀ အထိ ဆုကြေးတွေ ပေးသွားမှာပါ။

Share

Loading Next Article...
က္က