ကံကောင်းဖို့ဆိုတာ ကိုယ်လုပ်တဲ့အလုပ် ကောင်းဖို့လည်း လိုပါတယ်။

ကံကောင်းဖို့ အတွက် သူမလုပ်တဲ့ အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။



Photo : အေးမြတ်သူ FB

 

၂၀၁၆ခုနှစ်လောက်ကတည်းက စပြီး ကံကောင်းခြင်းတွေကို ဆက်တိုက်ပိုင်ဆိုင်ခွင့် ရခဲ့တဲ့ အေးမြတ်သူက ဆက်လက်ပြီးတော့လည်း ကံကောင်းခြင်း တွေကို ပိုင်ဆိုင်ချင်သေးတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ကံကောင်းခြင်းတွေကို အိမ်ထောင်ကျသွားတဲ့ အထိယူသွားချင်တာပါတဲ့။

"၂၀၁၈ခုနှစ် တစ်နှစ်လုံး သုံးသပ်လိုက်မယ်ဆိုရင် တော်တော်ကံကောင်းခဲ့တယ်လို့ ပြောလို့ရမယ်။ ကံကောင်းခဲ့တာ ၂၀၁၆ခုနှစ်လောက်က တည်းကံကောင်းတာ။ အဲ့ဒါကြီးက အခုထိ မရပ်သေးဘူး။ ၂၀၁၆ခုနှစ်ကနေ ၁၈အထိ ပါလာတာပေ့ါ။ အဲ့ဒီ Luck ကြီးကို အေးမြတ်သူ ၂၀၁၉ အထိသာမက အိမ်ထောင်ကျတဲ့အချိန်အထိ တောက်လျှောက်ယူသွားချင်ပါတယ်" လို့ Duwun Media သို့ ပြောခဲ့ပါတယ်။

သရုပ်ဆောင်မဖြစ်ခင်က ဈေးရောင်းလာခဲ့တာပါဆိုတဲ့ အေးမြတ်သူ 

သူမအခုလို ကံကောင်းတယ်ဆိုတာကလည်း ကိုယ်လုပ်တဲ့အရာတွေ ကောင်းမှ ကံကောင်းတာပါလို့ ဆိုပါတယ်။ ဒါကြောင့် ကံကောင်းဖို့ အတွက် သူမလုပ်တဲ့ အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်သွားမယ်လို့ ဆက်လက်ပြော ထားပါသေး တယ်။

"ကံကောင်းတယ်ဆိုတာ ကိုယ်လည်း ကောင်းတဲ့အရာတွေ လုပ်မှ ရမျာဆိုတော့ အေးမြတ်သူလည်း ကိုယ့်အလုပ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ့မယ်။ အဲ့ဒါကံကောင်းဖိုကအတွက် လုပ်တာပါ။ ကိုယ်လုပ်တာကောင်းမှ ကံကောင်းမှာကို။ ကံကောင်းဖို့အတွက် ကောင်းတဲ့အရာတွေ အေးမြတ်သူပိုပိုပြီး လုပ်သွားပ့ါမယ်။ " လို့ သူမက နိုဝင်ဘာ (၁၈) ရက်နေ့က ပြုလုပ်တဲ့"ကျားနဲ့ဆင်"ရုပ်ရှင်မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာပါ။

Photo : အေးမြတ်သူ FB

 

အေးမြတ်သူက သူ့ရဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း သွက်သွက်လက်လက် ပြောပြတတ်သူတစ်ယောက်ပါ။ သရုပ်ဆောင် အေးမြတ်သူ တစ်ယောက် အနုပညာရှင်တစ်ယောက်မဖြစ်ခင်က ဈေးရောင်းရတဲ့ ဘဝကို အရင်ဆုံးဖြတ်သန်းခဲ့သူပါလို့ ဆိုပါ တယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် ဈေးရောင်းရတဲ့ ဘဝကို နှစ်သက်တဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

'' အေးမြတ်သူ ပထမဦးဆုံးလုပ်ဖူးတဲ့ အလုပ်က သရုပ်ဆောင်အလုပ်မဟုတ်ဘူး၊ ဈေးရောင်းတဲ့ အလုပ်ပါ။ ဈေးရောင်းပြီးမှ သရုပ်ဆောင်ဖြစ် တာပါ။ ဈေးရောင်းရတာ အရမ်းပျော်ပါတယ်။ စကားတွေလည်း အများကြီးပြောရတယ် ပြီးတော့ အထည်ရောင်းရတာကို ပိုပြီးတော့ သဘောကျပါတယ်'' လို့ ဆိုပါတယ်။

အသက် ၁၉ နှစ်ကတည်းက သရုပ်ဆောင်အလုပ်ကို ဆောင်ရွက်လာတဲ့ အေးမြတ်သူက အခုဆိုရင် အနုပညာနယ်ပယ်ထဲမှာ ကျင်လည်ခဲ့တာ ၁၂ နှစ်ရှိပြီဖြစ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်ဆောင်ဖို့အတွက်လည်း ကြိုးစားနေသူ တစ်ယောက်ဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ ကျွမ်းကျင်ဖို့ တဖြည်းဖြည်းလေ့လာနေတုန်းပဲလို့Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က