ဆီမီး ၉၀၀၀ နဲ့ စတုဒီသာအလှူ လုပ်ခဲ့တာပါ။

သက်မွန်မြင့်တို့ မိသားစုလေးဟာ တန်ဆောင်တိုင်အလှူအဖြစ် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ရင်ပြင်မှာ ဆီမီး ၉၀၀၀ အပြင် စတုဒီသာ အလှူတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူလေးနဲ့ ပတ်သက်တဲ့ ခံစားချက်လေးကိုလည်း အခုလို ပြောပြထားပါတယ်။



Photo: သက်မွန်မြင့် Page

 

သရုပ်ဆောင် သက်မွန်မြင့်တို့ မိသားစုလေးက တန်ဆောင်တိုင် အလှူဖြစ်တဲ့ ကမ္ဘာအေးစေတီတော်ရင်ပြင်မှာ ဆီမီး ၉၀၀၀ ပူဇော်ရင်း စတုဒီသာအလှူတွေလည်း လုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒီအလှူလေးက သူမတို့ မိသားစုအတွက် ၄ ကြိမ်မြောက် အလှူဖြစ်တယ်လို့ သိရပါတယ်။

''မနေ့က (၂၁.၁၁.၁၈) သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ရင်ပြင်မှာ ဇွဲမိသားစုရဲ့ စတုတ္ထအကြိမ် ဆီမီး ၉၀၀၀ အလှူ ပျော်ရွှင်ကြည်နူးစရာ အမှတ်တရ'' ဆိုပြီး တော့ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် မိသားစု အလှူလေးဖြစ်တဲ့ စတုဒီသာအလှူတွေလည်း ကျွေးမွေးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

Photo: သက်မွန်မြင့် Page

 

သက်မွန်မြင့်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး အားချစ်နဲ့ သမီးငယ်လေး လပြည့်ဝန်း ဆိုတဲ့ သားသမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူပါ။ အဲ့ဒီနောက် အသက် ၂နှစ်တောင် မပြည့်သေးပဲ လည်လွန်း တတ်လွန်းတဲ့ သမီးငယ်လေး လဝန်းမေအကြောင်းပြောခဲ့ဖူးပါတယ်။

''သူက သမီး မဟုတ်ဘူး။ အမေ မွန့် အမေ တတ်လွန်း သိလွန်း ဆရာလုပ်လွန်း လူကြီးဆန်လွန်းလို့ ဒါ ၂ နှစ်မပြည့်သေး'' ဆိုပြီးတော့ လဝန်း လေး ရဲ့ စကားတတ်တဲ့အကြောင်းတွေကို သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်က ရေးသား ခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ လဝန်း လေးနဲ့ မေမေ သက်တို့ရဲ့ ဓာတ်ပုံတွေလည်း တင်ခဲ့ပါတယ်။

Photo: သက်မွန်မြင့် Page

သီလရှင်ဖြစ်ဖြစ်၊ ယောဂီဖြစ်ဖြစ်ဝတ်ချင်တယ်ဆိုတဲ့ သက်မွန်မြင့်  

သက်မွန်မြင့်ရဲ့သမီးငယ်လေး လဝန်းမေက အခုဆိုရင် စကားပြောတတ်နေပြီလို့ သိရပါတယ်။ သမီးလေး စကားစပြောတတ်တဲ့ အချိန်တုန်း က အမှတ်တရတွေ၊ မေမေ လို့ခေါ်ပြီး သူ့ကိုလည်း စနောက်တတ် တဲ့ အကျင့်လေးတွေကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' ဒိုင်း ဆိုပြီးတော့ သေနတ်ပစ်တာပေါ့။ အစ်ကိုတွေနဲ့ ဆော့နေရင် သေနတ်ပစ်ဆိုတော့ ဒိုင်း အဲ့ဒါစစချင်းပြောတာ။ ဒိုင်း လို့ ပြောပြီးတော့ မေမေ လို့ စခေါ်တယ်။ မေမေလို့ စခေါ်ကတည်းက ဒီကောင်မလေးက နည်းနည်း မျက်နှာပြောင်တယ်။ သူများကို သိပ်စတတ်တယ်။ မေမေ ခေါ်တာတောင်မှ မေမေလို့ ခေါ်ပြီး ပုန်းသွားလိုက်ပေါ့ အဲ့ဒီလို အမှတ်တရလေးတော့ ရှိတယ်'' လို့ ဆိုပါတယ်။

Photo: သက်မွန်မြင့် Page

 

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က