ဘရာဇီးဘောလုံးအကျော်အမော်ဟောင်း ရော်နယ်ဒင်ဟိုကတော့ မြွေပူရာကင်းမှောင့်ဆိုသလို အဖြစ်နဲ့ ရင်ဆိုင်နေရပါပြီ။ ဘဏ်ထဲမှာ လက်ကျန်ငွေ (၅)ပေါင်သာ ကျန်တော့တဲ့အဖြစ်နဲ့ ကြုံခဲ့ရတဲ့ ရော်နယ်ဒင်ဟိုဟာ အခုအခါမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်ဆိုတဲ့ ပြစ်ချက်ကြောင့် တရားစွဲခံထားရပြိးနောက်မှာ ပိုင်ဆိုင်မှုတွေကို အာဏာပိုင်အဖွဲ့အစည်းက သိမ်းဆည်းသွားခဲ့တာ ဖြစ်ပါတယ်။
Photo : The Scottish Sun
ရော်နယ်ဒင်ဟို နဲ့ သူ့ရဲ့ အစ်ကိုဖြစ်တဲ့ ရောဘတ်တိုအဆစ်မော်ရိုင်ရာတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းကို အတူတကွ လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ပေါ်တိုအယ်လီဂရီမြို့မှာ ရော်နယ်ဒင်ဟိုဂါအူချိုလို့ အမည်ရတဲ့ အဆောက်အဦကို ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဒီအဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးနောက် ရော်နယ်ဒင်ဟိုအတွက်တော့ အိပ်မက်ဆိုးတွေ ဖြစ်လာခဲ့ပါပြီ။
Photo : TODAY NEWS
ဘရာဇီးလ်အာဏာပိုင်အဖွဲ့အစည်းတွေဟာ ရော်နယ်ဒင်ဟို ပိုင်ဆိုင်တဲ့ BMW ကား (၂)စီး၊ မာစီဒီးကား (၁)စီး နဲ့ နာမည်ကျော် ပန်းချီကားများ၊ စနူကာ နဲ့ ဘားများ ရှိနေတဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့ပြီးနောက် ကား (၃)စီး၊ ပန်းချီကားတွေနဲ့ တန်ဖိုးရှိပစ္စည်းများကို အခွန်ကြွေးကျန်တွေ အဖြစ်နဲ့ သိမ်းဆည်းသွားခဲ့ပါတယ်။
Photo : TheWorldNews.net
လက်ရှိမှာတော့ ရော်နယ်ဒင်ဟိုရဲ့ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာအများအပြားကို ဒေသအာဏာပိုင်တွေက ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဘဏ်ထဲမှာ လက်ကျန်ငွေ (၅)ပေါင်သာ ရှိတော့လို့ အကျပ်အတည်းတွေ့နေခဲ့တဲ့ နာမည်ကျော်ကစားသမားဟောင်းကြီးရဲ့ အဖြစ်ကတော့ ပိုင်ဆိုင်မငတွေကိုပါ ထပ်မံသိမ်းပိုက်ခံခဲ့ရတဲ့အတွက် ပိုပြီးဆိုးရွားတဲ့ အနေအထားကို ရောက်သွားခဲ့ပါတယ်။
လိုင်စင်မဲ့ သစ်ခုတ်မှု၊ ရေမြောင်းများ တူးဖော်ခဲ့ပြီး မြေပြင်အနေအထားကို ပြောင်းလဲခဲ့တယ်လို့ ရော်နယ်ဒင်ဟိုက စွပ်စွဲခံနေခဲ့ရပြီးနောက်မှာ စီးပွားရေးအရ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကစားသမားဘဝမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲပေမယ့်လည်း ပြင်ပလူမှုဘဝမှာတော့ ရော်နယ်ဒင်ဟိုဟာ အရှုံးသမားဖြစ်မယ့်ကိန်းဆိုက်နေခဲ့ရပါပြီ။