မြန်မာဘက်ကို ပို့ဆောင်စဉ်မှာ လက်မခံဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။

ထိုင်းကို တရားမဝင်ဝင်ရောက်လာတဲ့ ကလေးငယ်တွေပါတဲ့အလုပ်သမား ၁၄၅ ဦးကို မြန်မာဘက်က လက်မခံတာကြောင့် မြန်မာ့ပိုင်နက်ဖြစ်တဲ့ကော့သောင်းဘက်မှာ ထားခဲ့ရတယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ဦးထူးချစ်က နိုဝင်ဘာ ၂၃ ရက်နေ့က Duwun ကိုပြောပါတယ်။



46513275_10156766124402910_5880396959411339264_n.jpg

အလုပ်သမားများ

 

နိုဝင်ဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံကိုတရားမဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄၅ ဦးကို ထိုင်းနိုင်ငံအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ အမျိူးသမီး ၂၁ ဦးနဲ့ ကလေးငယ် ၃ ဦးပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

“ သူတို့ကိုမိတော့ လူကုန်ကူးတွေဘာညာတွေစစ်တယ်။ နောက်ဆုံးမေတ္တာရပ်ခံချက်အရ တရားမဝင်ခိုးဝင်မှုနဲ့ ပိ့ု။စက်လှေက ပင်လယ်ထဲမှာရှိနေတုန်းမှာပဲ ဟိုကလည်း အမြန်ပို့တာဆိုတော့ အလုပ်သမားတွေကလည်း ကလေးတွေလည်းပါတော့ မဖမ်းထားချင်တော့ တစ်လမပြည့်ဘဲနဲ့ စစ်ဆေးပြီးပြန်ပို့တာပါ။ဒီတစ်ခေါက်ကကျတော့ ရစ်ပြီးနေပြည်တော်ကိုစာတင်ပါလို့ပြောတယ်  ” လို့ဦးထူးချစ်က ပြောပါတယ်။

ဖမ်းမိခဲ့တဲ့အလုပ်သမားတွေကို ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက်  FED အဖွဲ့၊ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိတွေနဲ့ ဒေသခံအာဏာပိုင်တွေပူးပေါင်းပြီးတော့ အလုပ်သမားတွေကို မြန်မာနိုင်ငံကို ပို့ဆောင်တဲ့အချိန်ရေပိုင်နက်အတွင်းရှိစဉ်မှာမြန်မာဘက်ကို ပို့ဆောင်စဉ်မှာ လက်မခံဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။

“နေပြည်တော်ကိုစာတင်ဖို့ ပြောချိန်မှာ လှေကလည်း ရေပိုင်နက်ထဲမှာစောင့်နေတယ်။အခုဘာလုပ်လဲဆိုတော့ တခြားကမ်းပေါ့။ကော့သောင်းဘက်ကပဲ ။ အဲ့ဒီမှာရောက်နေတယ်။အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကော်င်းတယ်။မြန်မာအစိုးရက ငြင်းပေမယ့် ထိုင်းအာဏာပိုင်တွေကလည်းစိတ်မကောင်းကြဘူး အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။” လို့သူက ဆက်ပြောပါတယ်။

အဆိုပါအလုပ်သမားတွေကို မြန်မာနိုင်ငံကော့သောင်းမှာရှိတဲ့ ကျျွန်းတစ်ခုမှာ ထားခဲ့ရတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေက ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း၊ မွန်၊ချင်း ပြည်နယ်တွေက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က