၎င်းတို့ကိုယ်တိုင်သာ တားဆီးနိုင်တယ်လို့ ပြောခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး အဂူရိုက ယခုရာသီမှာ မန်ချက်စတာစီးတီးအသင်းကသာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့မယ်ဆိုရင် ကျန်ပရီးမီးယားလိဂ် ၁၉ သင်းစလုံး မန်ချက်စတာစီးတီးအသင်းကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး ၂ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

2_Manchester-City-v-Manchester-United-Premier-League.jpg

မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အောင်အောင်မြင်မြင်နဲ့ ကာကွယ်နိုင်မယ်လို့ တိုက်စစ်မှူး အဂူရိုက ယုံကြည်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ၁၉ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးအသင်း နောက်ထပ်တစ်ကြိမ်ချန်ပီယံဖြစ်မှာကို တားဆီးနိုင်တာ ၎င်းတို့အသင်းကိုယ်တိုင်သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဂူရိုက ယခုရာသီဟာ ပြီးခဲ့တဲ့ရာသီတွေကထက် ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာပြီး ရှုပ်ထွေးလာတယ်လို့ ထင်မြင်နေတာဖြစ်ပြီး လီဗာပူး၊ ချယ်ဆီးအသင်းတို့က မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ခြိမ်းခြောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

"ဒီရာသီက ပြီးခဲ့တဲ့ရာသီကထက် ပရီးမီးယားလိဂ်မှာ ပိုပြီးရှုပ်ထွေးလာတယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့က ကျွန်တော်တို့အတွက် အဓိကခြိမ်းခြောက်နိုင်တဲ့ ပြိုင်ဘက်တွေဖြစ်ပြီး ရာသီအစကတည်းက ကောင်းကောင်းကစားထားနိုင်တဲ့ အာဆင်နယ်အသင်းကိုလည်း မေ့ထားလို့မရပါဘူး"

"ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ်ရရှိဖို့က အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့အသင်းရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ဇယားထိပ်ဆုံးမှာရှိနေပြီး ပရီးမီးယားလိဂ်ဖလားကို ရယူလိုတဲ့စိတ်ဆန္ဒကလည်း ရှိနေပါတယ်"

"ကျွန်တော်တို့ ကောင်းကောင်း ဆက်ကစားနိုင်မယ်ဆိုရင်၊ အမှတ်တွေ ၃ မှတ်ပြီး ၃ မှတ် ရယူနိုင်မယ်ဆိုရင် ကျန်တဲ့အသင်းတွေအားလုံး ဘာမှ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး"

"အသင်းအများစုက ၂ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဂိုးတွေရရှိဖို့နဲ့ ဆုဖလားတွေရရှိဖို့ ပြင်ဆင်နေရတာ ကောင်းပါတယ်"

"ကျွန်တော်တို့ရဲ့ ပန်းတိုင်ကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့အားလုံးအတူကြိုးစားလို့ရှိရင် သမိုင်းမှတ်တမ်းတစ်ခုကို ရေးထိုးနိုင်မှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က