ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို သေနတ်သမားများ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် လူလေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သေနတ်သမားလေးဦးက တရုတ်ကောင်စစ်ဝန်ရုံးထဲကို ဝင်ရောက်ရန်ကြိုးပမ်းခဲ့ပေမဲ့ လုံခြုံရေးတွေက ဟန့်တားခဲ့ကြတယ်လို့ ဆိုပါတယ်



ရဲတပ်ဖွဲ့နဲ့ သေနတ်သမားများ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမားသုံးဦးလည်း သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ တရုတ်ကောင်စစ်ဝန်ရုံး တည်ရှိရာပတ်ဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်အများအပြား ရောက်ရှိနေရာယူထားကြောင်း သိရပါတယ်။ ယခု တိုက်ခိုက်မှုအတွင်း တရုတ်ကောင်စစ်ဝန်ရုံးအတွင်းရှိ ဝန်ထမ်းများအားလုံး ဘေကင်းခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု





မျက်မြင်တွေက တရုတ်ကောင်စစ်ဝန်ရုံးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း ပြောခဲ့ကြပြီး ဒေသခံ ရုပ်မြင်သံကြားဌာနတွေလည်း မီးခိုးများထွက်နေတဲ့ပုံကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဘလူချီစတန်ပြည်နယ်မှ ခွဲထွက်ရေးအုပ်စုတစ်ခုက ယခုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

BLA အုပ်စုရဲ့ Twitter အကောင့်ဖြစ်တဲ့ BLA Official (@BLA_Tweets) မှာ BLA တိုက်ခိုက်ရေးသမားသုံးဦးရဲ့ ဓာတ်ပုံကိုလွှင့်တင်ပြီး တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခဲ့ကြောင်း ပြောထားခဲ့ပါတယ်။ ယခုအခါမှာတော့ BLA ရဲ့ Twitter အကောင့်ကို အသုံးပြုခွင့် ဆိုင်းငံ့ထားတာ တွေ့ရပါတယ်။

BLA က Twitter မှာ လွှင့်တင်ခဲ့သည့် တိုက်ခိုက်ရေးသမားသုံးဦး ဓာတ်ပုံ



"ဒီတိုက်ခိုက်မှုကို ကျွန်တော်တို့ လုပ်ခဲ့ပြီး ဆက်ပြီးတော့လည်း လုပ်ဆောင်သွားမှာပါ၊ ကျွန်တော်တို့ရဲ့ အသေခံ တိုက်ခိုက်ရေးသမား သုံးယောက်ပါဝင်ခဲ့ပါတယ်၊ သူတို့က  ကရာချိမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို  ဝင်ရောက်စီးနင်းခဲ့ကြပါတယ်၊ တရုတ်က ကျွန်တော်တို့နိုင်ငံရဲ့  အရင်းအမြစ်တွေကို အမြတ်ထုတ်နေတယ်" လို့ ဘလူချီစတန်ပြည်နယ် ခွဲထွကရေအုပ်စု Balochistan Liberation Army (BLA) မှ ပြောခွင့်ရအမျိုးသား Geand Baloch က AFP သတင်းဌာနကို ထုတ်ဖော်ပြောခြင်းမရှိတဲ့ နေရာတစ်ခုမှ ဖုန်းဖြင့်ဆက်သွယ် ပြောခဲ့ပါတယ်။

လုံခြုံရေးကင်မရာမှတ်တမ်းမှာ တွေ့ရသည့် တိုက်ခိုက်ရေးသမားသုံးဦး



အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့တရုတ်တို့ဟာ အနီးကပ် မဟာမိတ်တွေလည်း ဖြစ်ကြပြီး ပါကစ္စတန်ရှိ အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ တရုတ်က ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာပြုလုပ်ထားပါတယ်။ ပါကစ္စတန်ရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ဘလူချီစတန်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ အဓိက လုပ်ဆောင်နေကြောင်းလည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်း တရုတ်ကောင်စစ်ဝန်ရုံးအနီး ကားတစ်စီး မီးလောင်နေစဉ်



ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ပါကစ္စတန်မြောက်ပိုင်း ဟန်ဂူးမြို့မှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်များကို ကိုးကားပြီး Geo TV က ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က