ဟိုင်းဆင်တစ်ကောင်ကို သတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ လခွဲ ခန့်ကဆင်သေကိုတွေ့ရှိရာကနေဆင်သတ်မုဆိုး ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ် လို့သာပေါင်းမြို့နယ်ရဲစခန်းကနေ သိရပါတယ်။

 

Photo - Ministry of Information



နိုဝင်ဘာလ ၂၂ ရက်နေ့ ကပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်တန်းချောင်းဖျားမှာ ပုပ်ပွပြီးအရိုးများကျနေတဲ့ အသက်(၂၅)နှစ်ခန့် အမြင့် ၇ ပေခွဲခန့်၊ အလျား ၉ ပေခန့်၊ အမြီး ၃ ပေခန့် တောဆင်ရိုင်း ဟိုင်းဆင်အထီး အသေ ၁ ကောင်တစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။



အဲ့ဒီနောက် ဆင်သတ်မုဆိုးတွေသတ်ထားတာတွေ့ရှိရတာကြောင့် စုံစမ်းရာကနေလွန်ခဲ့တဲ့ ၁ လခွဲ ခန့်က တောင်တန်းချောင်းဖျားမှာ တဲထိုးနေထိုင်တဲ့သိန်းအောင်ဆိုသူအပါ ၅ ဦးယောက်က ပစ်သတ်ပြီး သားရေခွံတွေကို ကြပ်တိုက်ပြီး ပီနံအိတ်ဖြင့်ထုတ်ပိုး၍ နေမင်းထွန်း(၄၅)နှစ်မှ ရောင်းချရန် ယူဆောင်သွားပြီး ဆင်ပစ်သည့် တူမီးသေနတ်အား ဝှက်ထားခဲ့တာကို ရဲတပ်ဖွဲ့ကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။



"လေးယောက်ကို သာပေါင်းမှာ မိပါတယ်။ တစ်ယောက်ကတော့ ပုသိမ်မှာမိပါတယ်။ ဧရာဝတီတိုင်းက ဆင်မုဆိုးတွေပေါလို့ လိုက်ဖမ်းနေရတယ်။"လို့ သာပေါင်းရဲစခန်းက တာဝန်ရှိသူရဲအရာရှိက Duwun ကိုပြောပါတယ်။



တောဆင်ရိုင်းသတ်ဖြတ်သူ သိန်းအောင်ပါ ၄ ဦးဆီကနေ ဆင်သတ်ရာမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့ပြီး သိန်းအောင်ပါ ၄ ဦး(ဖမ်းမိ)နှင့် နေမင်းထွန်း(ဖမ်းမမိ)တို့ကို သာပေါင်းမြို့မရဲစခန်း(ပ) ၃၅၀/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က) နဲ့ အမှုဖွင့်စစ်ဆေးနေပြီး နေမင်းထွန်းကိုတော့ ပုသိမ်မြို့မရဲစခန်း(ပ)၆၄၄/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)အမှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က