ကမ္ဘာ့အကြီးဆုံး semiconductor စက်ရုံကြီး ဖြစ်တဲ့ Samsung Electronics မှာ အလုပ်လုပ်ရင်း ရောဂါရခဲ့သူတွေကို ကုမ္ပဏီမှ တရားဝင် တောင်းပန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
Photo: Financial Express
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက Samsung စက်ရုံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျန်းမာရေးပြဿနာတွေကို အသိအမှတ်ပြုလိုက်တာပါ။ မကြာသေးမီကလည်း Samsung စက်ရုံမှာ ဓါတုပစ္စည်းထိတွေ့မှုကြောင့် ရောဂါဖြစ်ရတဲ့ ဝန်ထမ်းများ ၊ အလားတူ ဝေဒနာခံစားရတဲ့ ဝန်ထမ်းသားသမီးများကိုပါ ရောဂါတစ်မျိုးကို ဝမ် သန်း ၁၅၀ (ပေါင် ၁၀၂၉၀၇) ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။
"ရောဂါဘယတွေ ဖြစ်ပွားခဲ့တဲ့ ဝန်ထမ်းတွေနဲ့သူတို့ရဲ့ မိသားစုဝင်တွေကို ကျွန်တော်တို့လေးလေးစားစား တောင်းပန်အပ်ပါတယ်"လို့ကုမ္ပဏီရဲ့ တွဲဖက်ဥက္ကဌ ကင်ကီနမ်က ပြောပါတယ်။ "ကျွန်တော်တို့ရဲ့ semiconductor နဲ့LCD စက်ရုံတွေမှာ ဖြစ်ခဲ့တဲ့ ကျန်းမာရေး အန္တရာယ်တွေကို ကောင်းမွန်အောင် စီမံဖို့ကျွန်တော်တို့ပျက်ကွက်ခဲ့ပါတယ်။"
၁၉၈၄ ခုနှစ်ကနေ စပြီး ဒီနေ့အချိန်အထိ Samsung Electronics စက်ရုံတွေမှာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို ကျန်းမာရေး အထောက်အပံ့ပေးသွားဖို့လည်း Samsung မှ သဘောတူညီထားပါတယ်။
ဒီသဘောတူညီချက်အရ ကင်ဆာ ၁၆ မျိုး ၊ တစ်ခြား ရှားပါး နာဖျားဝေဒနာအချို့၊ ကိုယ်ဝန်ပျက်ကျမှုနဲ့မွေးဖွားပြီး ဆက်စပ်နေတဲ့ ကလေးငယ်များရဲ့ ကျန်းမာရေး ပြဿနာများကို ခံစားရတဲ့ ဝန်ထမ်းနဲ့ဝန်ထမ်းမိသားစုများကို လျော်ကြေးပေးရမှာပါ။
Samsung နဲ့စက်ရုံဝန်ထမ်းမိသားစုများအကြား ပဋိပက္ခဟာ ၂၀၀၇ ခုနှစ်က အသက် ၂၃ နှစ်အရွယ် ဟွမ်ယူမီဆိုတဲ့ အော်ပရေတာတစ်ဦး သွေးကင်ဆာနဲ့ဖခင်ဖြစ်သူ ဟွမ်ဆန်းကီရဲ့ လက်မှာ သေဆုံးပြီးနောက် လူသိများလာတာပါ။ သမီးဖြစ်သူ သေပြီးနောက် ဖခင်ဖြစ်သူဟာ Samsung စက်ရုံဝန်ထမ်းတွေရဲ့ နစ်နာချက်ကို ဖော်ထုတ်တောင်းဆိုဖို့ကမ်ပိန်းတစ်ခု တည်ထောင်ခဲ့ပါတယ်။
စက်ရုံအလုပ်ခွင်အတွင်း ဓါတုပစ္စည်းများနဲ့ထိတွေ့မှုကြောင့် တရှောင်ရှောင်ဖြစ်ပြီး သေဆုံးတဲ့ အဖြစ်ဟာ ၁၀ နှစ်ကျော်ကြာ မဖြေရှင်းနိုင်တဲ့ ပြဿနာအဖြစ် ရှိခဲ့ပါတယ်။
Photo: independent
Sharp ကမ်ပိန်းကို ဟွမ်ဆန်းကီမှ ဦးစီးပြီး Samsung လုပ်ငန်းခွင်တွင်းမှ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးတောင်းဆိုမှု စတင်ခဲ့ပါတယ်။ Sharp အဖွဲ့ရဲ့ အဆိုအရ Samsung စက်ရုံဝန်ထမ်းများထဲမှာ ရောဂါဖြစ်နေသူ ၃၁၉ ဦး ရှိခဲ့ပြီး ၁၁၇ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
Share