အီဂျစ်လက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အောက်တိုဘာလအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် လီဗာပူးအသင်းပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုအရ Standard Chartered ရဲ့အောက်တိုဘာလအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
Photos: Sportskeeda
မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းကို စတင်ရောက်ရှိတဲ့ ပွဲဦးထွက်ရာသီကတည်းက အကောင်းဆုံးပုံစံပြသပြီး ရွှေဖိနပ်ဆုရရှိခဲ့တဲ့ ကစားသမားဖြစ်တာကြောင့် လီဗာပူးအသင်းရဲ့သူရဲကောင်းဖြစ်လာခဲ့သူဖြစ်ပါတယ်။
2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း
မိုဟာမက်ဆာလာဟာ PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသလို BBC ရဲ့၂၀၁၇-၂၀၁၈ ရာသီအကောင်းဆုံး အာဖရိကကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။
Photos: LFC
ယခုနှစ် ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမား၊ ဘလွန်းဒီအော်ဆုတို့အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းရဲ့စပွန်ဆာဖြစ်တဲ့ Standard Chartered ရဲ့အောက်တိုဘာလအတွက် အကောင်းဆုံးကစားသမားဆုကို ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။
မိုဟာမက်ဆာလာဟာ လီဗာပူအသင်းအတွက် ၆၅ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅၀ အထိ သွင်းယူနိုင်ခဲ့ပြီး လီဗာပူးအသင်းရဲ့နှစ် ၇၀ ကြာစံချိန်တစ်ခုကို ချိုးဖျက်ပြီး အသင်းသမိုင်းတစ်လျှောက် မိုင်တိုင်တစ်ခုကို အမြန်ဆုံးရောက်ရှိခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
"အောက်တိုဘာလက ကျွန်တော့်အတွက် ဆိုးရွားတဲ့လမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ရှေ့လာမယ့်ပွဲစဉ်တွေကို အာရုံစိုက်ထားပြီးသားပါ"
"ကျွန်တော် ရလဒ်တွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေပါတယ်။ ပထမဆုံးအနေနဲ့ အသင်းရဲ့ရလဒ်၊ ဒုတိယက ကျွန်တော့်ရဲ့သွင်းဂိုးပေါ့။ အသင်းကို ကူညီဖို့နဲ့ ဂိုးတွေသွင်းယူဖို့က ကျွန်တော် အမြဲတမ်းလုပ်ဖို့ ကြိုးစားနေတဲ့အရာပါ"
"ကျွန်တော်တို့ ဒီရာသီကို ကောင်းကောင်းစနိုင်ခဲ့ပါတယ်။ ကစားသမားတွေအားလုံးကလည်း ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ ပြသနိုင်ပါတယ်။ ကျွန်တော်တို့ အဲဒီအတိုင်း ဆက်လုပ်ရပါမယ်"လို့ ဆုလက်ခံအပြီးမှာ ပြောကြားခဲ့ပါတယ်။
Share