ပုဂံမှာစမ်းသပ်ကာလအနေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာစတင်ပြေးဆွဲခဲ့ပါတယ်။

ပုဂံမှာ သုံးဘီးအငှားယာဉ်ဝန်ဆောင်မှုကို အခုလကုန်မှာစတင်ပြေးဆွဲတော့မှာဖြစ်တယ်လို့ Grab ကနေ နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ezgif-1-27572fbb9c-700x467.jpg 

ရှေးဟောင်းမြို့တော်ပုဂံမှာ သုံးဘီးအငှားယာဉ်ဝန်ဆောင်မှုကို စတင်လုပ်ဆောင်တော့မှာဖြစ်ပြီးတော့ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်တွေအလာများတဲ့ ပုဂံမှာစမ်းသပ်ကာလအနေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာစတင်ပြေးဆွဲခဲ့ပါတယ်။

ပုဂံမြို့မှာပေးမယ့်ဝန်ဆောင်မှုတွေနဲ့ ပါတ်သတ်ပြီးတော့လည်းရန်ကုန်မှာစတင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ မန္တလေးမြို့မှာလည်း သြဂုတ်လအတွင်းက  စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာပုဂံမှာ ပြည်တွင်းပြည်ပခရီးသွားတွေအနေနဲ့ ဘုရားတွေသွားရောက်လည်ပတ်ကြည့်ရှုဖို့ကိုတော့ e-bike ငှားရမ်းတာ၊မြင်းလှည်းနဲ့ အငှားကားငှားရမ်းမှုဝန်ဆောင်မှုတွေနဲ့ အသုံးပြုနေတာဖြစ်ပြီး သုံးဘီးဝန်ဆောင်မှုကို တော့ ယခုနှစ်ကုန်မှာမှ စတင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘုရားပုထိုးပေါင်း ၁၀၀၀၀ ကျော်ရှိတဲ့ ပုဂံကပြည်ပခရီးသွားများအများစုလာရောက်တဲ့နေရာတစ်ခုဖြစ်ပြီးတော့ယူနက်စကိုစာရင်းဝင်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က