ဒေသ အာဏာပိုင်တွေမကိုင်တွယ်ရဲတဲ့ကိစ္စတွေတိုင်ကြဖို့ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံးအနေနဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီးတိုင်ကြားဖို့လက်ခံဌာနဖွင့်ထားတာဟာ မူးယစ်ဆေးရောင်းနေတဲ့ လက်ကြီးသမားတွေကိုဖမ်းချင်လို့ ဖြစ်တယ်လို့ သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၂၃ ရက်နေ့ သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။







သမ္မတရုံးအနေနဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပိုင်ရှင်မဲ့ဖြစ်နေတာမျိုးတွေကိုမလိုချင်ပဲ ဒေသအာဏာပိုင်တွေလက်လှမ်းမမှီတဲ့ ကိစ္စမျိုးတွေကို သမ္မတရုံးအနေနဲ့ တိုက်ရိုက်ညွှန့်ကြားပြီး ဖမ်းဆီးလိုတယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။



သမ္မတရုံးကို တိုင်ကြားကြတဲ့ မူးယစ်ဆေးနဲ့ပက်သက်တဲ့ အမှုတွေမှာ အနည်းအကျဉ်းသုံးစွဲရောင်းဝယ်သူတချိုကိုသာဖမ်းမိပြီး လက်ကြီးသမားတွေကိုမဖမ်းမိသေးတာကြောင့် လက်ကြီးသမားတွေကိုတိုင်ကြားပေးဖို့ သမ္မတရုံးကတောင်းဆိုထားပါတယ်။



"ကျွန်တော်တို့ဆီကိုတိုင်ကြားတဲ့ အမှုတွေကို သမ္မတကြီးနဲ့ အနီးကပ်အဖွဲ့ တစ်ခုက နေတိုက်ရိုက်ညွှန့်ကြားပြီးဖမ်းခိုင်းတာပါ။ တိုင်ကြားသူကို လုံးဝလုံခြုံအောင် ထားပေးပါတယ်။ ပြည်ထဲရေးကတောင် ဘယ်သူတိုင်ကြားတယ်ဆိုတာမသိပါဘူး။"လို့ ဦးဇော်ဌေးကပြောပါတယ်။



ပြီးခဲ့တဲ့ ရက်ပိုင်းက ဘိုကလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးရောင်းတယ်ဆိုပြီး အိမ်တချို့ကိုဝင်ရှာရာမှာ တကယ်မတွေ့ရဘဲ လုပ်ကြံတိုင်ကြားသလိုဖြစ်တာတွေနဲ့ ပတ်သက်ပြီး ကာယကံရှင်အိမ်ရှင်တွေ နစ်နာရတာတွေကို ဒေသ ရဲတပ်ဖွဲ့အနေနဲ့ တောင်းပန်ကြဖို့လည်း သမ္မတရုံးက တိုက်တွန်းထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က