ဘာအကြောင်းဖြစ်မလဲ။

မေတိုးခိုင် တစ်ယောက် စိတ်အရမ်းပူတတ်တဲ့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင် အကြောင်းပြောပြလာပါတယ်။ အဲ့ဒီနောက် သူပိုင်ဆိုင်ထားတဲ့ လက်ရှိဘဝလေးအကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: မေတိုးခိုင်




သရုပ်ဆောင် မေတိုးခိုင်က အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ စိတ်နေစိတ်ထားကို ပြောပြလာပါတယ်။ ဒါကတော့ ပရိသတ်မသိသေးတဲ့ အကြောင်းလေးဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးအပေါ် မိသားစုရဲ့သဘောထားကိုလည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆို ခဲ့ပါတယ်။

'' တီဝဲက သူက စိတ်အရမ်းပူတတ်တယ် ၊ ဒါက မသိသေးတဲ့အချက်ပေါ့နော်။ သားသမီးတွေ အတွက်လည်းစိတ်ပူတယ်၊ အစစအရာရာ အကုန် လိုက်တွေးပြီးတော့ကို စိတ်ပူတတ်တယ်။ အဆင်ပြေပါတယ် လူကြီးဆိုတော့ အဲ့ဒီလိုပဲပေါ့။ အိမ်က လူကြီးတွေကတော့ ရည်းစားမထားဖို့ မ ပြော ပါဘူး။ ကိုယ်တိုင်ကလည်း ချစ်သူလည်း မရှိသေးတာလည်း ပါတာပေါ့'' လို့ ဆိုပါတယ်။

Photo: မေတိုးခိုင်


မေတိုးခိုင်ရဲ့ အချစ်ရေးကတော့ လက်ရှိအချိန်ထိ Single ပါပဲလို့ ဆိုပါတယ်။ ကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါး နေရတာကို သဘောကျတယ်လို့ Be Young အလှကုန်ပစ္စည်းကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

'' ကလေးလိုနေတတ်တာ ထက်စာရင် ကိုယ်တိုင်က လွတ်လွတ်လပ်လပ်နေရတာကို ပိုကြိုက်တယ်။ အခုချိန်မှာတော့ တစ်ယောက်တည်းပဲ သူငယ်ချင်းတွေကလည်း များတော့ သူတို့တွေနဲ့ပဲ အတူတူအချိန်ကုန်ဖြစ်တာ များတယ်။ အိမ်မှာဆိုရင် အကြီးဆုံးက အငယ်ဆုံးလိုပဲ လို့ပြော တယ်။ သုသု နဲ့ ဖိုးဓီတို့နဲ့လည်း တန်းတူ ကစားဖြစ်တယ်'' လို့ ဆိုပါတယ်။

မေတိုးခိုင်က အားကိုးရတဲ့အကြောင်းပြောလာတဲ့ နော်ဖောအယ်ထား 

Photo: မေတိုးခိုင်


မောင်နှမဝမ်းကွဲတော်တဲ့ ပြေသုဒါနဲ့ ပြေဓီရ တို့ကိုလည်း အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ တစ်ခါတလေမှာလည်း သူတို့လေး တွေနဲ့ အချိန်ပေးပြီးဆော့ဖြစ်တယ်လို့ ဆိုပါတယ်။

'' သူတို့ကိုကျတော့ ကိုယ့်မျက်စိအရှေ့မှာပဲ မွေးလာပြီး ကြီးလာကြတာဆိုတော့ အရမ်းလည်းချစ်တယ်။ သူတို့နဲ့ နေနေရတာလည်းပျော်တယ်။ အိမ်ရောက်လို့ သူတို့ကို မြင်နေရတဲ့ အချိန်ဆို ပျော်တယ်။ သူပြောလို့ရှိရင် လူတွေက အရည်ပျော်သွားပြီး လုပ်ပေးချင်စိတ်ဖြစ်သွားအောင် သူက ပြောတတ်တယ်'' လို့ သူကဆိုပါတယ်။

Photo: မေတိုးခိုင်


မေတိုးခိုင်ကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေနဲ့ မဂ္ဂဇင်းအလှဓာတ်ပုံတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေ လုပ်တဲ့အခါအဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ ၁၀၀ ရာခိုင်နှုန်းပံ့ပိုးမှုတွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။ လက်ရှိ မှာ လည်း ပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က