ဘာလေး ဖြစ်မလဲနော်။

ဒီဇင်ဘာ(၂၄) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့အတွက် အောင်လက မွေးနေ့အကြို လက်ဆောင်လေး ပေးခဲ့တာပါ။



Photo : ဝိုင်းစုခိုင်သိန်း FB

 

ဝိုင်းစုခိုင်သိန်းက ချစ်သူအောင်လပေးတဲ့ မွေးနေ့အကြို လက်ဆောင်ကြောင့် ပျော်နေပါတယ်။ ဒီဇင်ဘာ(၂၄) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့အတွက် အောင်လက မွေးနေ့အကြို လက်ဆောင်လေး ပေးခဲ့တာပါ။ အဲ့ဒီလက်ဆောင်လေးက ခွေးလေးဖြစ်ပါတယ်။ ဝိုင်းစုလိုချင် တဲ့ခွေးလေးကို အောင်လက မွေးနေကလက်ဆောင်အဖြစ်ပေးခဲ့တာပါ။

Photo : ဝိုင်းစုခိုင်သိန်း FB

 

ချစ်စရာကောင်းတဲ့ ခွေးလေးရဲ့ ပုံကိုတင်ပြီး ယခုလို စာလေး ရေးထားတာတွေ့ရပါတယ်။

"Pre birthday present from my Athel Tone Yay!!!!!!!!!      " ဆိုပြီး ဝိုင်းစုရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၂၃) ရက်နေ့က ညနေပိုင်းလောက် က တင်ထားတာပါ။  ခွေးချစ်တတ်တဲ့ ဝိုင်းစုအဖို့ အောင်လရဲ့ လက်ဆောင်လေးက ဘာနဲ့မှ လဲနိုင်တော့မှာ မဟုတ်ပါဘူး။

အောင်လနဲ့ ဝိုင်းစုတို့ဟာ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ အတူတူသွားဖြစ်နေတာ တွေ့ရပါတယ်။  အဆိုတော် အောင်လနဲ့ ဝိုင်းစုတို့အတွဲ လေးက တကယ့်ကို ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားကြတာပါ။ ဝိုင်းစုရဲ့ လတ်တလော အချစ်ရေးကတော့ အေးအေး ဆေးဆေး ဖြစ်နေပြီး စိတ်ချမ်းသာနေရတာကိုလည်း တွေ့ရပါတယ်။ အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း FB

ရွှေမှုန်က ငယ်သေးတော့ နှမြောတယ်လို့ဆိုလာတဲ့ ဝိုင်းစုခိုင်သိန်း 

အခုတော့ နှစ်ယောက်အတူတူ အနုပညာလှုပ်ရှားမှုတွေ လုပ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဝိုင်းစုက ပရိသတ်တွေ အတွက် သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ သီချင်းသစ်တစ်ပုဒ် တင်ပေးခဲ့ပါသေးတယ်။ အဲ့ဒီသီချင်းလေးနာမည်က "ပြတ်စာ"ပါ။ အမိုက်စား ပုံဖော်ထားတဲ့ MTV နဲ့အတူ ပြတ်စာဆိုတဲ့ သီချင်းလေးကို နိုဝင်ဘာ(၂၀) ရက်နေ့က တင်ခဲ့ပါတယ်။ သူမရဲ့ သီချင်းသစ်လေးဟာလည်း ပရိသတ်တွေ အကြိုက်တွေ့စေခဲ့ပါတယ်။

 

ဝိုင်းစုဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို  ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က