နှစ်လအတွင်း SMS တွေ ပို့ပြီး ဘဏ်အကောင့် တိုက်ခိုက်မှုပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့တယ်လို့စကာၤပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Photo: channel news asia
စကာၤပူဘဏ်တွေ ဖြစ်တဲ့ DBS Bank နဲ့POSB ဘဏ်တွေမှာ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ လူပေါင်း ၅၀ ကျော် အလိမ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုပုံစံကို phishing လို့ခေါ်ပြီး spam mail ဖြန့်ပြီး သုံးစွဲသူများရဲ့ အချက်အလက်ကို ညာတောင်းတာ ဖြစ်ပါတယ်။
Phishing attack ကျူးလွန်သူများဟာ ဘဏ်ကနေ မေးလ်ပို့သလို ဟန်ဆောင်ပြီး သုံးစွဲသူရဲ့ ဘဏ်အကောင့် အချက်အလက်တွေကို ဖျားယောင်း ရယူတာပါ။ ဘဏ်ဝန်ဆောင်မှုသုံးသူတစ်ဦးဟာ phishing attack ထဲ ရောက်ပြီး အကြောင်းပြန်လိုက်တာနဲ့ကျူးလွန်သူများရဲ့ ဝက်ဘ်ဆိုက်ထဲ ရောက်ပြီး သုံးစွဲသူနာမည်နဲ့စကားဝှက်ပေးမိမှာ ဖြစ်ပါတယ်။
DBS နဲ့POSB ဘဏ်တွေရဲ့ URL လိပ်စာအမှန်က www.dbs.com.sg နဲ့www.posb.com.sg ဖြစ်ပြီး phishing attack လုပ်သူတွေကတော့ dbs.account-access.info, dbs-account.com, posb.detailsverification.com နဲ့posb-online.comဆိုတဲ့ ဝက်ဘ်ဆိုက်တွေနဲ့လှည့်စားသွားတာပါ။ ဒီလို တိုက်ခိုက်မှု ခံရသူတွေဟာ ကိုယ်မသိဘဲနဲ့အကောင့်ထဲက ငွေတွေ ထုတ်သွားတာမျိုးတွေ ကြုံခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် အာဏာပိုင်တွေမှ ဘဏ်စနစ်သုံးသူများအနေနဲ့ဘဏ်တွေရဲ့ URL အပြည့်အစုံ ရိုက်ဖို့ ၊ တရားဝင်မိုဘိုင်းဘဏ် app တွေ သုံးဖို့တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ phishing တိုက်ခိုက်မှု ခံရတဲ့ စကာၤပူနိုင်ငံသားတစ်ဦးဟာ စကာၤပူဒေါ်လာ ၄၉၅၀၀ ဆုံးရှုံးခဲ့ရတယ်လို့ရဲတပ်ဖွဲ့က ဆိုပါတယ်။
Photo: hackread
မြန်မာနိုင်ငံမှာလည်း အောက်တိုဘာလထဲမှာ KBZ နဲ့AYA ဘဏ်တို့ရဲ့ mobile banking သုံးသူများ phishing attack နဲ့ကြုံခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။