ရဲဘက်ပြေးတစ်ယောက်လည်းဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပရိဘောဂဆိုင်တစ်ဆိုင်ကနေ ဘီရိုတစ်လုံးအပါအဝင် ဆက်တီပစ္စည်းတွေ ခိုးယူသွားတဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

Photo - Yangon Police



မြောက်ဥက္ကလာမြို့နယ် (က)ရပ်ကွက်၊ ခေမာသီလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပရိဘောဂဆိုင်ကနေပြီး ဘီရို(၁)လုံး၊

ဆက်တီ(၄)လုံး၊ တီဗွီစင်(၁)လုံး၊ ကုတင်(၁)လုံး၊ ကြောင်အိမ်(၁)လုံး၊ မီးဖိုစင်(၂)လုံး၊ ပန်းကန်စင်(၂)လုံး၊ ထိုင်ခုံအသေး(၁)လုံး၊ စားပွဲဝိုင်း(၁)လုံးတို့ပျောက်ဆုံးနေကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့က ဝေဘာဂီနယ်မြေရဲစခန်း(ပ)၉၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀နဲ့ဆိုင်ရှင်ကတိုင်တန်းခဲ့ပါတယ်။



ရဲတပ်ဖွဲ့ကနေ လိုက်ပြီးစုံစမ်းရာမှာ ခေမာသီလမ်းမပေါ်မှာ လူတစ်ဦးက ကားတစ်စီးနဲ့ အခင်းဖြစ်ရာနေ့က ပရိဘောဂဆိုင်ရှေ့မှာ ပစ္စည်းတွေတင်ဆောင်ပြီး ထွက်သွားတယ်လို့စုံစမ်းသိရလို့ ကားနံပါတ်ကနေ တဆင့် လိုက်လံစစ်ဆေးရာမှာ ပစ္စည်းတွေ တင်ဆောင်ပြီး ထွက်သွားတယ်လို့သိရတာကြောင့် လိုက်လံရှာဖွေရမှာ လှိုင်သာယာမြို့နယ်မှာ ကျော်မျိုးနိုင် (ခ) ကျော်လေး ဆိုသူကို ဖမ်းမိခဲ့ပါတယ်။



ဖမ်းဆီးရမိသူ ကျော်မျိုးနိုင်(ခ)ကျော်လေးကို စစ်ဆေးရာမှာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ယခင်က သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၉၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ၊ သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၁၀၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ တို့ဖြစ်ထောင်ဒဏ်များချမှတ်ခံရပြီး ဘဝ(၂)ရဲဘက်စခန်းတွင် ပြစ်ဒဏ်ကျခံနေစဉ် ထွက်ပြေးလာသည့် ရဲဘက်ပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။



ပြစ်မှုကျူးလွန်သူ ကျော်မျိုးနိုင်(ခ)ကျော်လေးအား အခြား ပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ ဆက်လက်စစ်ဆေးလျက်ရှိကာ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က