ကိုရီးယားသွားပြီး လေ့လာကြည့်ဖူးတယ်တဲ့။

သရုပ်ဆောင်  ခွန်းဆင့်နေခြည်ဟာ သူမျက်နှာမှာ ရှိနေတဲ့ ပါးမို့ကို ပြုပြင်ဖို့အတွက် ကိုရီးယားသွားပြီး လေ့လာကြည့်ခဲ့ဖူး တယ်လို့ ဆိုပါ တယ်။



Photo : ခွန်းဆင့်နေခြည် FB

 

သရုပ်ဆောင်  ခွန်းဆင့်နေခြည်ဟာ သူမျက်နှာမှာ ရှိနေတဲ့ ပါးမို့ကို ပြုပြင်ဖို့အတွက် ကိုရီးယားသွားပြီး လေ့လာကြည့်ခဲ့ဖူးတယ်လို့ ဆိုပါ တယ်။ ဒါပေမယ့်လည်း သူများတွေ ခွဲစိတ်ပြုပြင်နေတာမြင်ပြီး ကြောက်သွားတာကြောင့်အခုချိန်ထိ ခွဲစိတ်ပြုပြင်တာနဲ့ ပတ်သက်ပြီး မလုပ်ဖြစ်ခဲ့ဘူးလို့ Duwun Media သို့ ပြောပြခဲ့ပါတယ်။

"အမဆိုလည်း အမမျက်နှာမှာ မလှတာရှိရင် လုပ်ချင်တယ်။ ဒါပေမယ့်လည်း အမကိုရီးယားသွားတုန်းက တစ်ခါလေ့လာလိုက်တဲ့အချိန်မှာ တော်တော်လေးကို လန့်ဖို့ကောင်းတယ်။ သူများတွေ လုပ်ထားတာတွေ့တာလေ။ မျက်နှာဆိုလည်း အကြီးကြီးဖြစ်နေတာ နှာခေါင်းဆိုလည်း ဆင်နှာမောင်းလိုပဲ ဖြစ်သွားတာ အဲ့ဒါတွေ မြင်ပြီး ကြောက်သွားတာ။ ဒါပေမယ့်လည်း ပြီးသွားရင် အရမ်းလှသွားတယ်လေ။ပါးမို့ကို ပြင်ဖို့ သွားပြီး လေ့လာတဲ့ အချိန်မှာ အကြီးစားခွဲစိတ်မှု ဖြစ်နေတော့ မလုပ်ရဲဘူး။ နားထင်ကို ဖောက်ပြီး ပါးရိုးကို ချိုးမှာဆိုတော့ မလုပ်ရဲခဲ့တာ။  " လို့ သူမကိုရီးယားသွားတုန်းက တွေ့ကြုံခဲ့ရတာကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : ခွန်းဆင့်နေခြည် FB

သူမရဲ့ မျက်နှာမှာ ရှိနေတဲ့ ပါးမို့ကိုကို မကြိုက်တာကြောင့် ခွဲစိတ်ပြုပြင်ဖို့ စဉ်းစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ခွဲစိတ်ပြုပြင်မှု တွေ လုပ်ထား တဲ့ သူတွေကိုတော့ အားကျတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အသက်အရွယ်တစ်ခုကို ရောက်လာလို့ လုပ်ဖို့အချိန်ရရင်  ခွဲစိတ်ပြုပြင်မှုတွေ လုပ်သွားမှာလို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

ခွန်းဆင့်နေခြည်ဟာ လက်ရှိမှာ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက်ပြင်ဆင်မှုတွေ လုပ်နေသလို သူမရဲ့ သီချင်းတွေကို အားပေးနေတဲ့ ပရိသတ်တွေအတွက် အွန်လိုင်းကနေ သီချင်းတစ်ပုဒ်ချင်း ဖြန့်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

Photo : ခွန်းဆင့်နေခြည် FB

 

" အမနောက်ထပ် ဇာတ်ကားရိုက်ကူးဖို့အတွက် ပြင်ဆင်နေတယ်။ အဲ့ကားကို အမကို နယူးယောက်က သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ရိုက်ကူးဖို့ စီစဉ်ထားတာပါ။ဇာတ်လမ်းဆန်းဆန်းလေး ဖြစ်မှာပါ။ သီချင်းပိုင်းကတော့တစ်ပုဒ်ကောင်းနှစ်ပုဒ်ကောင်းလေးတွေ လုပ်ထားတာရှိတယ်။ အဲ့ဒါတွေကို ပြန်ပြီးတော့ အွန်လိုင်းပေါ်မှာ  ပြန်တင်ပေးမယ်။ " လို့ သူမက ဆိုပါတယ်။

ခွန်းဆင့်နေခြည် ရိုက်ကူးထားတဲ့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ ၊ မိုင်တိုင် ၇၆ ဇာတ်ကားများဟာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါ တယ်။ ခွန်းဆင့်နေခြည်ဟာ သရုပ်ဆောင် ဦးကျော်ဟိန်းရဲ့ သွန်သင်မှုများနဲ့အတူ အနုပညာလောကထဲကို ထဲထဲဝင်ဝင်ခြေချခွင့်ရခဲ့သူပါ။

Photo : ခွန်းဆင့်နေခြည် FB

 

သူမဟာ အခုလက်ရှိမှာ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ပေမယ့် နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ဇာတ်တွေ ရွေးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။ မကြာသေးခင်က ရုံတင်ခဲ့တဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားဟာဆိုရင် လည်း ပရိသတ်အားပေးမှု ရရှိခဲ့တာတွေ့ရပါတယ်။

ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က