ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရပါတီက ရှုံးနိမ့်မှုတွေကြုံခဲ့ရပါတယ်။

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ဟာ အရေးပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူမရဲ့ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (Democratic Progressive Party - DPP) က ရှုံးနိမ့်မှုတွေ ကြုံခဲ့ရပြီးနောက် DPP ဥက္ကဋ္ဌအဖြစ်မှ နိုဝင်ဘာ ၂၄ ရက်မှာ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။

DPP ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားသည့် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်





တရုတ်နိုင်ငံမှ ခွဲထွက်ရေးလိုလားတဲ့ DPP ပါတီဟာ အရေးပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မှုဟာ နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံရရန် သမ္မတဆိုင်အင်ဝမ်ရဲ့ မျှော်လင့်ချက်တွေကို အဓိက ထိုးနှက်ချက်လည်း ဖြစ်လာပါတယ်။

"အာဏာရပါတီ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဒီနေ့ ဒေသတွင်း ရွေးကောက်ပွဲရလဒ်အတွက် ကျွန်မ အပြည့်အဝ တာဝန်ယူပါတယ်" လို့ ဆိုင်အင်ဝမ်က သတင်းထောက်တွေကို ရွေးကောက်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

DPP ပါတီ ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် တွေ့ရသည့် ဆိုင်အင်ဝမ်ကို ထောက်ခံသူများ



ဆက်လက်ပြီး "ကျွန်မ DPP ဥက္ကဋ္ဌအဖြစ်ကန နုတ်ထွက်ပါတယ်၊ ကျွန်မတို့ရဲ့ အားထုတ်မှုတွေက မလုံလောက်ခဲ့ပါဘူး၊ ကျွန်မတို့နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ အားပေးထာက်ခံသူတွေကို စိတ်ပျက်စေခဲ့ပါတယ်၊ ကျွန်မ အရိုးသားဆုံး တောင်းပန်းပါတယ်" လို့လည်း သမ္မတဆိုင်အင်ဝမ်က ပြောပါတယ်။

DPP ပါတီဟာ ထိုင်ဝမ်ကြားဖြတ်ရွေးကောက်ပွဲမှာ အစဉ်အလာရ အားပေးထောက်ခံမှု အသာရခဲ့တဲ့ Kaohsiung မြို့မှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ရဲ့ ဒုတိယအကြီးဆုံးမြို့ Taichung မှာလည်း DPP ပါတီ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

အဓိကနေရာတွေမှာ အနိုင်ရခဲ့သည့် KMT ပါတီမှ Han Kuo-yu



Kaohsiung နဲ့ Taichung နှစ်မြို့လုံးမှာ တရုတ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိထားတဲ့ အတိုက်အခံ ကူမင်တန် (Kuomintang - KMT) ပါတီက အနိုင်ရပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်မှုက DPP ကို သက်ရောက်မှုရှိပေမဲ့ အလုပ်တွေဆက်လုပ်သွားမယ်လို့ သမ္မတဆိုင်အင်ဝမ်က ကတိပြုခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

"ပြုပြင်ပြောင်းလဲမှုတွေ၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ၊ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေးတို့ဆိုတာ DPP က စွန့်လွှတ်သွားမှာမဟုတ်တဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်" လို့ သမ္မတဆိုင်အင်ဝမ်က ပြောခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဆိုင်အင်ဝမ်



ဆိုင်အင်ဝမ်ဟာ DPP ပါတီဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ထိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့ပါတယ်။ သူမဟာ တိုင်ပေမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ဥပဒေဘာသာရပ်ဖြင့် ထိုင်ဝမ်တက္ကသိုလ်မှ ဘွဲရရှိခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်ရှိ Cornell University Law School မှ ဥပဒေဆိုင်ရာ မဟာဘွဲ့ကိုလည်း ထပ်မံရရှိခဲ့ပါတယ်။ ထို့နောက်  ဆိုင်အင်ဝမ်ဟာ ၁၉၈၄ ခုနှစ်မှာ London School of Economics မှ ဥပဒေဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က