နှလုံးသားနဲ့ရွေးချယ်မှုပြုလုပ်သွားမယ်လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုဟာ စနေနေ့က ခရစ်စတယ်ပဲလေ့စ်အသင်းကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘာမှမခံစားရသလို ဆက်လက်ပြသတဲ့ ဘယ်ကစားသမားကိုမဆို ပွဲထွက်ခွင့်ကနေ ချန်လှပ်မယ်လို့ ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။ မန်ယူအသင်း သရေကျနေချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာက မန်စီးတီး၊ လီဗာပူးအသင်းတို့ဟာ နိုုင်ပွဲအသီးသီးကိုယ်စီရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

sei_41370971-2529.jpg

နည်းပြမော်ရင်ဟိုဟာ ကစားသမားအချို့ ပြသခဲ့တဲ့ သဘောထားနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ ဝန်ခံခဲ့ပြီး မော်ရင်ဟိုက ၎င်းဟာ ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြောင်းလဲဖို့ ကြိုးစားခြင်းအားဖြင့် ရှုံးနိမ့်မယ့်တိုက်ပွဲတစ်ပွဲမှာ တိုက်ခိုက်နေရကြောင်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဂိုးမရှိသရေရလဒ်သာ ရရှိခဲ့တာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုုက ကစားသမားအချို့ရဲ့ စွမ်းဆောင်ရည်နဲ့ ခံယူချက်ကို မကျေမနပ်ဖြစ်နေပြီး နှလုံးသားကို အခြေခံပြီး ရွေးချယ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 

"ကျွန်တော့်ရဲ့ခံစားချက်ကတော့ နှလုံးသားတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်နဲ့ ကစားရမယ်။ နှလုံးသားနဲ့လည်း ကစားရမယ်။ နှလုံးသားတစ်ခုတည်းရှိရုံနဲ့ မလုံလောက်ဘူးလို့ ကျွန်တော် ထင်ပါတယ်"

"ကျွန်တော်က ကျွန်တော်ပါပဲ။ တစ်ဦးချင်းစီတိုင်းကလည်း မတူညီကြပါဘူး"

"ဆိုးရွားတဲ့ ညစာကို စားနေရတဲ့လူတွေလည်းရှိသလို ကောင်းမွန်တဲ့ညစာကို စားနေရတဲ့လူတွေလည်း ရှိပါတယ်။ ပါတီပေးနိုင်တဲ့ လူတွေတောင် ရှိနေပါသေးတယ်။ အဲဒီလိုမျိုးပဲ ကျွန်တော် ထင်ပါတယ်"

"ဖြေရှင်းချက်က ဘာလဲဟုတ်လား။ ခင်ဗျား ကစားသမားတွေရဲ့သဘာဝကို ပဉ္စလက်ဆန်ဆန် ပြောင်းလဲပစ်လိုက်လို့မရပါဘူး"

"ဖြေရှင်းချက် ဖြစ်ကောင်းဖြစ်လာနိုင်တာကတော့ ကစားသမားတွေကို ကျွန်တော် နှလုံးသားနဲ့ ရွေးချယ်မှုပြုလုပ်ဖို့ပဲရှိပါတယ်"

"ပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ်တင်ဖို့ပဲ။ ဘာလို့လဲဆိုတော့ နှလုံးသားတစ်ခုတည်းက မလုံလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် ဒီမှာ တချို့အရည်အသွေးတွေ ပျောက်ဆုံးနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က