နိုဝင်ဘာ ၂၅ ရက်နေပမှာ ပန္နက်ရိုက်ခဲ့ပါတယ်။

နေစရာအခက်အခဲရှိတဲ့ နိင်ငံရေအကျဉ်းသားတွေအတွက် နိုင်ကျဉ်းတို့ရဲ့ နားခိုရာ လို့ခေါ်တဲ့အဆောက်အဦးတည်ဆောက်ဖို့အတွက် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပန္နက်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

46652371_2120473931352003_3899536168227700736_n.jpg 

 

“ ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းကိုတော့ နောက်နေ့မှာပဲစမှာပါ။ဒီနေ့ကတော့ ပန္နက်ရိုက်တာပါ။ဘယ်တော့ပြီးမလဲဆိုတာကတော့ ရန်ပုံငွေရရှိမှုကိုလည်း မူတည်ပါတယ်။ဧက ၃ ဧကလောက်မှာစာကြည့်တာ၊နားနေဆောင်တွေအပါဝင်မြေစိုက်ပျိုးုဖို့လည်း နေရာတွေပါမှာပါ ” လို့ နိုင်ကျဉ်းများနားခိုရာအိမ်ရာဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်ကိုဦးဆွေက Duwun ကိုပြောပါတယ်။

တိုက်ကြီးမြို့နယ် မလေးရှားဝိုင်၊အုန်းနှဲပင်ကျေးရွာအုပ်စုမှာ အဆိုပါအဆောက်အအဦးကို ဆောက်လုပ်မှာဖြစ်ပြီးတော့ မကွေးတိုင်းဝန်ကြီးချုပ်၊ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့က နာယကအနေနဲ့ ပါဝင်တယ်လို့လည်း သူကပြောပါတယ်။

“ နားခိုရာဆိုတာ ပေးဆပ်ခဲ့ပြီးတော့လုပ်ခဲ့တဲ့လူတွေအချင်းချင်းမှာ ဘာမှ မျှော်လင့်ချက်မထားပါဘူး။အခုဝန်ကြီးချုပ်နေရာရတယ်ဆိုတာကလည်း တာဝန်ပေးတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ တက်နိုင်တဲ့ချွေးနှဲစာလေးနဲ့ ဒီလိုကွန်းခိုရာလေးတစ်ခုတည်ဆောက်မယ် ဆိုတဲ့တည်ထောင်သူတွေကိုလည်းကျေးဇူးတင်ပါတယ် ” လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

ပန္နက်ရိုက်တဲ့အခမ်းအနားကိုလည်း နိုင်ကျဉ်းနားခိုးရာဖြစ်မြောက်ရေးကော်မတီနာယကတွေနဲ့ ကော်မတီဝင်တွေတက်ရောက်ခဲ့ပြီးတော့ အလှုရှင်တွေကလည်း အလှုငွေပေးခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က