မြန်မာနိုင်ငံဟာ WiFi ထက် စမတ်ဖုန်းကနေ သုံးရတဲ့ mobile data မြန်နှုန်းဟာ ၃ ဆလောက်ပိုမြင့်တယ်လို့OpenSignal ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Photo: Engadget
OpenSignal ဟာ ဝိုင်ဖိုင်မြန်နှုန်းထက် မိုဘိုင်း အင်တာနက်ဒေတာ speed က ပိုမြန်နေတဲ့ နိုင်ငံပေါင်း ၃၃နိုင်ငံစာရင်းကို ဖော်ပြခဲ့တာပါ။ ဒီထဲမှာ အာဖရိက ၊ ဥရောပ ၊ လက်တင်အမေရိကနဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံဟာ WiFi speed အမြန်ဆုံးနိုင်ငံဖြစ်သလို WiFi နဲ့Mobile hotspot မြန်နှုန်းခြားနားချက် အမြင့်ဆုံးနိုင်ငံအဖြစ် ရှိခဲ့ပါတယ်။ သြစတြေးလျရဲ့ ပျမ်းမျှ မိုဘိုင်းလ်ဒေတာမြန်နှုန်းဟာ ၂၁.၆ Mbps ရှိခဲ့ပြီး မိုဘိုင်းလ်ဒေတာနဲ့WiFi မြန်နှုန်းအကြား ခြားနားချက်မှာ ၁၃ Mbps ရှိထားပါတယ်။
မိုဘိုင်းဒေတာမြန်နှုန်းမှာ WiFi ထက် သာတဲ့ ၃၃ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၈ နေရာက ရပ်တည်နေပြီး ပျမ်းမျှမိုဘိုင်လ်းဒေတာ မြန်နှုန်း ဟာ ၁၄.၃ Mbps ရှိနေပါတယ်။ ကိန်းဂဏန်းအရ မိုဘိုင်းဒေတာရဲ့ မြန်နှုန်းဟာ WiFi ထက် ၉.၆ Mbps ပိုနေတာလည်း ဖြစ်ပါတယ်။
OpenSignal ဟာ နိုင်ငံပေါင်း ၈၀ ရဲ့ အင်တာနက်မြန်နှုန်းတွေကို လေ့လာခဲ့တာ ဖြစ်ပြီး ဒီနိုင်ငံတွေထဲက ၄၁% ဟာ ဖုန်းမိုဘိုင်းလ်ဒေတာ ရဲ့ မြန်နှုန်းမှာ WiFi ထက်သာနေတာပါ။ 4G ကွန်ရက်မဖြန့်ကျက်နိုင်ခင် ပြီးခဲ့တဲ့ ၁၀ နှစ်အထိ WiFi စနစ်ဟာ အင်တာနက် download စနစ်မှာ အကောင်းဆုံး အင်တာနက်စနစ်အဖြစ် ရှိနေခဲ့တာပါ။
Photo: OpenSignal
စမတ်ဖုန်းထွန်းကားလာမှု 4G ကွန်ရက်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်မှုများ စတင်ပြီးနောက် WiFi ဟာ မိုဘိုင်းအင်တာနက်မြန်နှုန်းကို မမှီဖြစ်လာခဲ့တာပါ။ OpenSignal ရဲ့ အဆိုအရ ဒီနေ့အချိန်အထိ WiFi ဟာ မိုဘိုင်းဒေတာထက် မြန်တဲ့ စကာၤပူ ၊ US ၊တောင်ကိုရီးယား ၊ ဂျပန်နဲ့ဟောင်ကောင်လို နိုင်ငံများစွာ ရှိနေတယ်လို့ဆိုပါတယ်။