ဒီဇင်ဘာ ၁ရက်နေ့နဲ့ ၂ ရက်နေ့မှာ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ကစားမှာ ဖြစ်ပြီး ၅ ရက်နဲ့ ၆ ရက်နေ့မှာ ဒုတိယအကျော့ပွဲစဉ်တွေ ကို ကစားမှာပါ။
ကျင်းပလျက်ရှိတဲ့ ၂၀၁၈ ခုနှစ် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲကိတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီအချိန်မှာတော့ အုပ်စု (က)မှာ ဗီယက်နမ်နဲ့ မလေးရှား ၊ အုပ်စု(ခ)မှာ ထိုင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ဆီမီးဖိုင်နယ်ကို အသီးသီးတက်လှမ်းနိုင်ခဲ့ပါတယ်။
ဘူကစ်ဂျာလီပြင်ပက တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်
အုပ်စုနောက်ဆုံးပွဲတွေအထိ ဆီမီးဖိုင်နယ်တက်မယ့် အသင်း မသေချာသေးပဲ ရှိနေခဲ့တဲ့ ဒီနှစ်ပြိုင်ပွဲမှာ မလေးရှားအသင်းက အိမ်ကွင်းမှာ မြန်မာ အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့သလို ဗီယက်နမ်အသင်းကလည်း ကမ္ဘောဒီးယားအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်နဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။
Photo - Bola - Bisnis.com
အုပ်စု(ခ)မှာဆိုရင်လည်း ထိုင်းအသင်းက စင်ကာပူအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့သလို ဖိလစ်ပိုင်အသင်းကလည်း အင်ဒိုနီး ရှားအသင်းကို သရေကစားကာ နောက်တစ်ဆင့်ကို ဒုတိယနေရာက တက်ရောက်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ တွေ့ဆုံနေတဲ့ ထိုင်းနဲ့ မလေးရှားအသင်းရဲ့ တွေ့ဆုံမှု အစဉ်အလာကို ပြန်ကြည့်လိုက်မယ်ဆိုရင် နှစ်သင်းကြား ပြိုင်ပွဲစုံ ၁၂၀ မှာ မလေးရှားအသင်းက ပွဲ ၄၀ နိုင်ထားပြီး ထိုင်းအသင်းကတော့ ၃၅ ပွဲနိုင်ထားကာ သရေပွဲကတော့ ၃၅ ပွဲထိ ရှိပါတယ်။
ဒါကြောင့် မလေးရှားအသင်းက ၅ ပွဲပိုနိုင်ထားပေမယ့်လည်း သိသိသာသာကွာခြားချက်တော့မရှိပါဘူး။ နောက်ဆုံး ၁၀ ကြိမ်တွေ့ဆုံမှုမှာတော့ ထိုင်းအသင်းက ပိုအသာရထားပြီး ၆ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။
တစ်ဖက်မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နှစ်သင်းကြား ကြည့်လိုက်မယ်ဆိုရင်တော့ နှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှု သိပ်များများစားစားမရှိပါဘူး။ ဗီယက်နမ်အသင်းက ၆ ပွဲနိုင် ၃ ပွဲသရေကျထားပြီး ဖိလစ်ပိုင်အသင်းက ၂ ပွဲနိုင်ထားပါတယ်။
ဒီအခြေအနေမှာလည်း နှစ်သင်းကြား သိသိသာသာ ကွာဟနေတာမရှိပဲ နောက်ပိုင်းနှစ်တွေမှာ တိုးတက်လာတဲ့ ဖိလစ်ပိုင်ကြောင့် ဗီယက်နမ် အခက်တွေ့နိုင်ပါတယ်။
အခုတွေ့ဆုံနေတဲ့ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၄ကြိမ်တွေ့ဆုံထားဖူးပြီး ၂၀၀၂ တုန်းက ဗီယက်နမ်က ၄-၁ ဂိုးနဲ့ နိုင်ထားပါတယ်။၂၀၁၀ မှာ တော့ ဖိလစ်ပိုင်က ၂-၀ ဂိုးနဲ့ ပြန်နိုင်ခဲ့ပါတယ်။
၂၀၁၂ တုန်းကလည်း ဖိလစ်ပိုင်အသင်းကသာ ၁-၀ ဂိုးနဲ့ ထပ်မံ အနိုင်ယူထားပြီး ၂၀၁၄ မှာတော့ ဗီယက်နမ်က ၃-၁ ဂိုးနဲ့ ပြန်အနိုင်ယူခဲ့ပါတယ်။ နှစ်သင်းကြား အုပ်စုတွင်း တွေ့ဆုံမှုတွေသာရှိခဲ့ပြီး အခုလို ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပထမဆုံးအကြိမ် တွေ့ဆုံတာပါ။
ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွေကို အိမ်ကွင်းအဝေးကွင်း နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်ကစားစေမှာ ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ မလေးရှားအသင်း နဲ့ ထိုင်းအသင်း၊ဒီဇင်ဘာ ၂ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကို ကစားပါမယ်။
ဒုတိယအကျော့ ပွဲစဉ်တွေအဖြစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ ထိုင်းနဲ့ မလေးရှား၊ ၆ ရက်နေ့မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အသင်းတို့ အသီးသီး ယှဉ်ပြိုင် ကစားသွားပါမယ်။
ဗိုလ်လုပွဲကိုလည်း ၂ ကျော့စနစ်နဲ့သာ ယှဉ်ပြိုင်စေမှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၁ နဲ့ ၁၅ ရက်နေ့တွေမှာ ကစားစေမှာ ဖြစ်ပါတယ်။
Share