ရုပ်ရှင်ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေပါ ပါဝင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကဇာတ်လမ်းတိုနဲ့ မှတ်တမ်းရုပ်ရှ င် ၁၂ကားကို အိန္ဒိယနိုင်ငံ Glocal Hornbill International Film Festival မှာပြသဖို့ ဖိတ်ခေါ်ခံရတယ်လို့ .tourismnagaland ကနေ နိုဝင်ဘာ ၂၆ ၇က်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။



Image3_HornbilFes.jpg 

မြန်မာနိုင်ငံကရုပ်ရှင်နဲ့ မှတ်တမ်းဇာတ်ကားတို ၁၂ ကားကို သွားရောက်ပြသမှာဖြစ်ပြီးတော့ အဲ့ဒီရုပ်ရှင်ပွဲတော်က ဒီဇင်ဘာ ၆ ရက်နေ့က နေ၈ ရက်နေ့အထိ အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်း Nagaland ပြည်နယ်မြို့တော် Kohima မှာ ပြုုလုပ်မှာဖြစ်ပါတယ်။

အမေရိကန်၊မြန်မာ၊ အိန္ဒိယအရှေ့မြောက်ဒေသက ရုပ်ရှင်တွေပါဝင်ပြသမှာဖြစ်ပြီးတော့ နိုင်ငံတကာက ရုပ်ရှင်ပညာရှင်တွေနဲ့ ရုပ်ရှင်ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေပါ ပါဝင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miracle Post Media Production က တက်ရောက်မှာဖြစ်ပြီးတော့ ရုပ်ရှင်ပွဲတော်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပြသမှာဖြစ်ပြီးတော့ ရုပ်ရှင်တွေကနေတစ်ဆင့် အတွေးအခေါ်နဲ့ ယဉ်ကျေးမှုဖလှယ်သွားနိုင်အောင်လုပ်ဆောင်မယ်လို့  အုပ်ချုပ်မှုဒါရိုက်တာ ကိုဝဏ္ဏကျော်က ပြောပါတယ်။

မြန်မာနိုုင်ငံမှ ဒါရိုုက်တာအောင်မြင့်မြတ်ချိုရဲ့Traces ၊ ဒါရိုုက်တာ ကိုုဂျက်ရဲ့ Supposes၊ ဒါရိုုက်တာ Mနိုုး ရဲ့ Insomniacs၊ ဒါရိုုက်တာလဲ့လဲ့အေးရဲ့  My Mother is Single၊ ဒါရိုုက်တာမိုုင်းအိုုက်နွေရဲ့ Buffalo Boy၊ ဒါရိုုက်တာကောင်းမြတ်သူကျော်နှင့် မြတ်အိမွန်တိုု့ရဲ့  Buffalo Boat၊ ဒါရိုုက်တာ မိုုမိုု(ရူပါ)နှင့် မေရီဆယဲတိုု့ရဲ့ Woman With A Gun ၊ ဒါရိုုက်တာဉာဏ်ကျယ်စေရဲ့ My life I don't want၊ ဒါရိုု်က်တာမိုုးစက်စငြိမ်းချမ်းသာရဲ့ 528၊ဒါရိုုက်တာကောင်းဆင့်၏ Home၊ ဒါရိုုက်တာဝဏ္ဏကျော်နှင့် Barry Pousman တိုု့ရဲ့  My Hidden City၊ ဒါရိုုက်တာ အာခီးချယ်ရဲ့ Better Late Than Never ရုုပ်ရှင်ဇာတ်ကားတိုများပါဝင်ပြသွားမှာဖြစ်ပါတယ်။`   


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က