နိုင်ပွဲရရှိရင် ပိုပြီးတောင်ဒေါသထွက်တတ်တယ်လို့ ပြောခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့ဝါရင့်နောက်ခံကစားသမား ဒေးဗစ်လုဇ်က တော့တင်ဟမ်ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နည်းပြဆာရီ ဒေါသဖြစ်တာထက် နိုင်ပွဲရရှိတဲ့ပွဲအပြီးမှာ ပိုလို့တောင် ဒေါသထွက်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ချယ်ဆီးအသင်းရဲ့ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။



gettyimages-10648105141.jpg

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ချယ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် ဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၃ နေရာကို တက်ရောက်နိုင်ခဲ့ပြီး ချယ်ဆီးအသင်းကတော့ အဆင့် ၄ နေရာကို ဆင်းပေးခဲ့ရပါတယ်။

စပါးအသင်းအတွက် သွင်းဂိုးတွေကို အလီ၊ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဝါရင့်နောက်ခံကစားသမား ဒေးဗစ်လုဇ်က နည်းပြဆာရီဟာ ရှုံးပွဲနဲ့ကြုံတွေ့ပြီးနောက် မပျော်မရွှင်ဖြစ်နေခဲ့တယ်လို့ ပြောကြားခဲ့ပြီး အနိုင်ရရှိတဲ့ပွဲအပြီးမှာဆို ပိုပြီးတောင် ဒေါသထွက်နေတတ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

"ကျွန်တော်တို့ အနိုင်ရရှိခဲ့တဲ့ အကြိမ်ပေါင်းများစွာမှာ ဆာရီ ဒေါသထွက်နေခဲ့ပါတယ်။ အဲဒါအမှန်ပါပဲ။ ဘယ်သူမှ ပျော်ရွှင်မနေကြပါဘူး။ မှန်တာပေါ့။ နည်းပြက မပျော်မရွှင်ဖြစ်နေပါတယ်"

"သူ အမြဲတမ်း ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့ကလည်း သူ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။ သူ မပျော်သလို ကစားသမားတိုင်းကလည်း မပျော်ရွှင်ပါဘူး"

"ဒါပေမယ့် အဲဒါက ကျွန်တော်တို့အတွက် နားလည်ဖို့ကောင်းတဲ့အရာတစ်ခုပါ။ ပရီးမီးယားလိဂ်ဟာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ဘူးဆိုတာကို သတိပေးလိုက်သလိုပါပဲ။ ဘယ်ပွဲမှ အနိုင်ရရှိဖို့ မလွယ်ကူပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က