တရားခံတွေဖမ်းမိဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့နယ် ချောင်းသာကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာအနောက်မြောက်ဘက် ဆိပ်ကြီးရွှေသောင်ယံကားလမ်းမိုင်တိုင် အနီးမှာ တောဆင်ရိုင်းအထီးတစ်ကောင်ကို အရေခွံဆုတ်ပြီးသတ်ဖြတ်ခံထားရတယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့ကချောင်းသာကျေးရွာအုပ်ချုပ်ရေးမှုးကိုတေဇာအောင်က Duwun ကိုပြောပါတယ်။

46651925_387640155110699_7639495386373029888_n.jpg 

နိုဝင်ဘာ ၂၅ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့အဲ့ဒီဆင်ရိုင်းက လတ်တလောသတ်ဖြတ်ခံထားရတဲ့ပုံပေါ်ပြီးတော့ လက်ရှိမှာတော့ သက်ဆိုင်ရာသစ်တောဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားထားပြီးတော့ တရားခံတွေဖမ်းမိဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

“ တွေ့တဲ့အချိန်မှာသေနေပြီ အရေခွံတွေအကုန်ခွာထားတယ်။တရားခံဖမ်းမိဖို့အတွက်ကိုလည်း ရဲတပ်ဖွဲ့ရယ်၊သစ်တောရဲရယ်ကို သူတို့ကတော့စုံစမ်းနေတယ်။ ၂၅ ရက်နေ့ကတွေ့တာပါ။သေတာကလည်းနာရီပိုင်းလောက်ကသေတယ်လို့ ခန့်မှန်းထားတယ်။အရေခွံခွာခံရတယ်လို့ တော့သုံးသပ်ထားတယ်။ ” လို့ သူကပြောပါတယ်။

ရုပ်ကြွင်းကိုတော့ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာသစ်တောဌာနကနေမီးရှို့ဖျက်ဆီးမယ်လို့လည်းသူကပြောပါတယ်။

“ ပုသိမ်က WWF နဲ့ သစ်တောဦးစီးဌာနနဲ့ အပါအဝင် လေးဖွဲ့ပေါင်းပြီးကင်းလှည့်နေတဲ့နယ်မြေထဲမှာပါတယ်။ဆင်အသတ်မခံရတာအဲ့နယ်မြေထဲမှာ သုံးလကျော်ကြာပြီဆိုတော့ ဒီကင်းလှည့်တဲ့အစီအစဉ်ကိုလည်း ပြန်သုံးသပ်ပြီးဌာနဆိုင်ရာတွေနဲ့ ပြန်လည်ညှိနှိုင်းဖို့ ရှိပါတယ်။ ” လို့ တောရိုင်းတိရ စ္ဆာန်တွေအရေး ဆောင်ရွက်နေတဲ့ WWF Myanmar ရဲ့ ပြန်ကြားရေးတာဝန်ခံက Duwun ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာသီတင်းပါတ်တစ်ပါတ်ကို ပျမ်းမျှတောဆင်ရိုင်း ၁ ကောင်နှုန်းနဲ့ အသတ်ခံနေရပြီးတော့ ၂၀၁၇ မှာ ဆင်အသတ်ခံရမှုက ၅၉ ကောင်အထိရှိနေတယ်လို့ သစ်တောဦးစီးဌာနက နေုထုတ်ပြန်ထားပါတယ်။

တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် အမဲလိုက်ခြင်း၊ မှောင်ခိုကူးသန်းရောင်းဝယ်ခြင်းတွေကနေ သိမ်းဆည်းရမိတဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကို ရန်ကုန်နဲ့ နေပြည်တော်တို့မှ စုစည်းပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးမှုအဖြစ် နေပြည်တော် မှာ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဒီလို ဖျက်ဆီးခဲ့တဲ့နေရာမှာ တိရစ္ဆာန်သားရေမျိုးစုံ ၄၅ ချပ်၊ တိရစ္ဆာန်ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ်အကြေးခွံ ၄၅ ဒသမ ၅ ကီလို၊ ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနဲ့ တိရ္ဆာန်အရိုး မျိုးစုံ ၂၂၇ ချောင်းတို့အပြင် အခြားတောရိုင်းရစ္ဆာန်အစိတ် အပိုင်းမျိုးစုံ ၁၂၈ ခုတို့ ပါဝင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က